ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lula ကျင်းပသော ကြိုဆိုပွဲသို့ တက်ရောက်

(GMT+08:00)2024-11-21 12:23:43  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ရက်နေ့ညက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် Brasiliaမြို့တော်၌ ဘရာဇီးသမ္မတ Lula ကျင်းပသော ကြီးကျယ်ခမ်းနားသည့် ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ပါသည်။

ရှီကျင့်ဖိန်က အနာဂတ်ကို မျှော်ကြည့်ပြီး မိမိတို့သည် တရုတ်-ဘရာဇီးဆက်ဆံရေး၏ ထွန်းလင်းတောက်ပသောရှေ့အလားအလာကို အပြည့်အဝမျှော်လင့်နိုင်သည်ဟု ယုံကြည် ကြ ကြောင်း၊ အစမှတ်သစ်တွင် ရပ်တည်နေပြီး တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ နှင့် အတူ တရုတ်-ဘရာဇီး ကံကြမ္မာတူအသိုက်အဝန်း လက်တွဲ ထူထောင်ကြ၍ တရုတ်-ဘရာဇီး ဆက် ဆံ ရေး၏ “နှစ်၅၀တာ ရွှေကာလ” နောက်တစ်ခုကို ဖွင့်လှစ်ကြရန် လက်တွဲ ကြိုးပမ်း ဆောင်ရွက် လိုကြောင်း ပြောကြား ခဲ့ပါသည်။

Lulaက ဘရာဇီးနှင့်တရုတ်တို့၏ ဖွံ့ဖြိုးရေးမဟာဗျူဟာ ချိတ်ဆက်မှုကို အကောင်အထည်ဖော်ခြင်းသည် နှစ်နိုင်ငံ အတူ သာယာဝပြောရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ပြီး မိမိတို့သည် ကိုယ့်လမ်းကြောင်းမှတစ်ဆင့် ဖွံ့ဖြိုးရေး၊ ရှင်သန်ရေး နှင့် တရားမျှတရေးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟု ကမ္ဘာအား သက်သေပြနေ ကြောင်း ပြောကြားခဲ့ပါသည်။