ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့က ဥရောပလွှတ်တော်ရှိ အဓိက နိုင်ငံရေးအုပ်စုများသည် ကော်မရှင်နာ အသစ်အတွက် ဆိုင်းငံ့ထားသည့် အမည်စာရင်း တင်သွင်းသည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးကို အတည်ပြုရန် သဘောတူညီမှုရရှိခဲ့ကြောင်း China Media Group မှ သတင်းအရသိရသည်။
ဥရောပလွှတ်တော်သည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ၎င်း၏ မျက်နှာစုံညီအစည်းအဝေး၌ စိစစ်ပြီးသောဥရောပ သမဂ္ဂ ကော်မရှင်နာ ကိုယ်စားလှယ်လောင်းအားလုံးကို မဲခွဲ ဆုံးဖြတ် မည်ဖြစ်သည်။ အတည်ပြုပြီးပါက ဥရောပကော်မရှင်နာအသစ်များသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်သည်။