ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာဖြင့် ထပ်မံ ပယ်ချ

(GMT+08:00)2024-11-21 11:52:23  

နိုဝင်ဘာလ ၂၀ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အမြဲတမ်း မဟုတ်သော အဖွဲ့ဝင် ၁၀ နိုင်ငံက တင်ပြခဲ့သည့်  ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ခဲ့သည်။ လုံခြုံရေးကောင်စီတွင် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ ဗီတိုအာဏာကြောင့် ယင်းဆုံးဖြတ်ချက်ကို အတည်မပြုနိုင်ကြောင်း သိရှိရသည်။ ကုလသမဂ္ဂ ဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဖုချွန်း က ဗီတိုအာဏာ ကျင့်သုံးခြင်းသည် မဟာမိတ်များကို အကာအကွယ်ပေးရန် အထူးအခွင့်တစ်ခုမဟုတ်ဘဲ တာဝန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။