ရုရှားပိုင်ဆိုင်မှုများ ပိတ်ပင်ထားသော နိုင်ငံများကို “mirror-style” ကျင့်သုံးခဲ့သည်ဟု ရုရှား ဘဏ္ဍာရေးဝန်ကြီးဆို

(GMT+08:00)2024-11-21 12:24:09  

  ရုရှားနိုင်ငံတော်အသံလွှင့်နှင့်ရုပ်မြင်သံကြားကော်ပိုရေးရှင်းတို့ တွေ့ဆုံရာတွင် ရုရှားဘဏ္ဍာ ရေးဝန်ကြီး Siluanov က ရုရှားပိုင်ဆိုင်မှုများ ပိတ်ပင်ထားသော နိုင်ငံများကို “mirror-style” ကျင့်သုံးခဲ့ကြောင်း၊ အနောက်နိုင်ငံများက ရုရှားပိုင်ဆိုင်မှုများနှင့် ယင်းပိုင်ဆိုင်မှုမှ ရရှိသောငွေများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်၍ ရုရှားသည်လည်း သက်ဆိုင်ရာ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း၊ ရုရှားသည် အနောက်တိုင်း ရင်းနှီး မြှုပ်နှံသူများ၊ ငွေကြေးဈေးကွက်တွင် ပါဝင်သူများနှင့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ထားပြီး ယင်းပိုင်ဆိုင်မှုများမှ ရရှိသော ငွေများကို အသုံးပြုမည်ဖြစ်ကြောင်း ပြောကြား ခဲ့ ပါသည်။