CGTN နှင့် ဘရာဇီးတတ်သိပညာရှင်အဖွဲ့ ပူးပေါင်း၍ လူထုသဘောထားစစ်တမ်းထုတ်ပြန် - တရုတ်-ဘရာဇီးဆက်ဆံရေးက နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကိုကျော်လွန်ပြီး “ကမ္ဘာ့တောင် ဘက်ခြမ်း” အား အကျိုးပြုနေသည်ကို တွေ့မြင်ရသည့်အတွက် စစ်တမ်းဖြေဆိုသူများ အားရနေကြ

(GMT+08:00)2024-11-21 14:56:35  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ဘရာဇီးနိုင်ငံသို့  တရားဝင် ခရီးစဉ် သွားရောက်ချိန်မှာ China Media Group (CMG) CGTN က ခေတ်သစ်နိုင်ငံတကာ သတင်းဖြန့်ချိရေး သုတေသနဌာန မှတစ်ဆင့် ဘရာဇီးနိုင်ငံ စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဥပဒေ လေ့လာရေး စင်တာနဲ့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး ဘရာဇီးနိုင်ငံမှ စစ်တမ်းဖြေဆိုသူ ၁၁၀၆ ဦးကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီစစ်တမ်းမှာ ပါဝင်ဖြေဆိုသူများက တရုတ်-ဘရာဇီး ဆက်ဆံရေးဟာ အစောကတည်းက နှစ်ဦးနှစ်ဖက်ဆက်ဆံရေးကို ကျော်လွန်နေပြီဖြစ် ကြောင်း၊ နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံပလက်ဖောင်းများမှာ နီးနီးကပ်ကပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပြီး “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန်၊ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိတဲ့ နိုင်ငံတကာ စည်းစနစ်ကို တည်ဆောက်ရန် တို့အတွက် ခွန်အားများ ပိုမိုဖြည့်သွင်းပေးနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပါတယ်။

ယခုနှစ်ဟာ တရုတ်-ဘရာဇီးသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့်နှစ် ဖြစ်ပြီး နှစ်နိုင်ငံဟာ တူညီတဲ့အတွေးအမြင်များရှိကြတဲ့ မိတ်ဆွေကောင်းနဲ့ အတူလက်တွဲ လျှောက်လှမ်းနေတဲ့ မိတ်ဖက်ကောင်းများ ဖြစ်ကြပါတယ်။ ဘရာဇီးမှ စစ်တမ်းဖြေဆိုသူများ က တရုတ်နိုင်ငံအပေါ် များစွာအကောင်းမြင်ကြပါတယ်။ ယခုစစ်တမ်းမှာ တရုတ်နိုင်ငံအပေါ် အထွေထွေရှုမြင်မှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးဆက်ဆံမှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်မှု စတဲ့ကဏ္ဍများစွာ ပါဝင်ပါတယ်။