ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ ရက်နေ့က မြောက်ကိုရီးယား-ရုရှား အစိုးရချင်း ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ မြောက်ကိုရီးယား ဥက္ကဋ္ဌ၊ မြောက်ကိုရီးယား နိုင်ငံခြား စီးပွားကုန်သွယ်ရေးဝန်ကြီး Yun Zhengho နှင့် မြောက်ကိုရီးယား-ရုရှား အစိုးရချင်း ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှ ရုရှား ဥက္ကဋ္ဌ၊ ရုရှားနိုင်ငံ သယံဇာတနှင့် ဂေဟဗေဒ ဝန်ကြီး Alexander Kozlovတို့သည် မြောက်ကိုရီးယား-ရုရှား အစိုးရချင်း ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၁၁ ကြိမ်မြောက် အစည်းအဝေးအတွက် သဘောတူညီမှုစာချွန်လွှာ ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ ကြပါသည်။ ယင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို Mansudae Assembly Hall တွင် ကျင်းပခဲ့ပါသည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့သည် အစိုးရချင်း ကုန်သွယ်ရေး၊ စီးပွားရေးနှင့် သိပ္ပံနည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ၁၁ ကြိမ်မြောက် အစည်းအဝေးအတွက် သဘောတူညီမှုစာချွန်လွှာ ကို လက်မှတ်ရေးထိုး
(GMT+08:00)2024-11-21 11:55:19