ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lulaနှင့်အတူ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးပြီး တရုတ်-ဘရာဇီး ကံကြမ္မာတူအသိုက်အဝန်း လက်တွဲထူထောင်ကြရန် ထုတ်ပြန်

(GMT+08:00)2024-11-20 23:51:13  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၀ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးသမ္မတ Lula နှင့်အတူ Brasiliaမြို့တော်၌ “ပိုမို တရား မျှတ သော ကမ္ဘာနှင့် ပိုမိုရေရှည်တည်တံ့သောကမ္ဘာအတွက် တရုတ်-ဘရာဇီး ကံကြမ္မာတူ အသိုက် အဝန်း‌ကို လက်တွဲထူထောင်ကြရေးဆိုင်ရာ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ဘရာဇီး ပြည် ထောင်စု သမ္မတနိုင်ငံတို့၏ ပူးတွဲကြေညာချက်”ကို လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့ကြ ပါသည်။