၂၀၂၄ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျန့် ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၂၀ ရက်နေ့က ကျဲ့ကျန်းပြည်နယ် ဝူးကျန့်မြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ်အစည်းအဝေးတွင် “လူကို အရင်းခံပြီး ကောင်းကျိုးအတွက် AIကို အသုံးပြုသော ဒစ်ဂျစ်တယ်အနာဂတ်ကို ဆုပ်ကိုင်ခြင်း----ဆိုက်ဘာစပေ့စ် ဆိုင်ရာ ကံကြမ္မာတူအသိုက်အဝန်း လက်တွဲထူထောင်ကြခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်များ၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ AI နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စီမံအုပ်ချုပ်မှု စသည့် အကြောင်းအရာများနှင့်ပတ်သက်၍ သီးသန့်ဖို့ရမ် ၂၄ ခုကို ကျင်းပမည်ဖြစ်ပါသည်။
၂၀၂၄ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ ဝူးကျန့် ထိပ်သီးအစည်းအဝေး ဖွင့်လှစ်
(GMT+08:00)2024-11-20 10:57:37