Rio de Janeiro ထိပ်သီး အစည်းအဝေးကို အစပြုရာသစ် အဖြစ် ထားပြီး တရုတ် နိုင်ငံသည် ကမ္ဘာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး

(GMT+08:00)2024-11-20 14:24:03  

ဘရာဇီး နိုင်ငံ Rio de Janeiroတွင် ကျင်းပသည့် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် “အတူတကွ ဖွံ့ဖြိုးတိုးတက်သော၊ တရားမျှတသည့် ကမ္ဘာကို တည်ဆောက်ရန်”နှင့် “တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာ စီမံအုပ်ချုပ်ရေးစနစ် လက်တွဲ တည်ဆောက်ရန်” အဆိုပြုပြီး သက်ဆိုင်ရာ အားပေးတိုက်တွန်းချက်များကို တင်ပြခဲ့သည်။ တရုတ် နိုင်ငံ၏ အားပေးတိုက်တွန်းချက်များ နှင့် လုပ်ဆောင်ချက်များသည် ကမ္ဘာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေး အတွက် ဉာဏ်ပညာနှင့် တွန်းအားများကို သွင်းပေးပြီး ကမ္ဘာ စီမံအုပ်ချုပ် ရေးကို ကောင်းမွန်ပြည့်စုံစေရေး အတွက် လမ်းကြောင်းပြ မြေပုံကို ထောက်ပံ့ပေးနေကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

 သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အားပေးထောက်ခံရန် တရုတ် နိုင်ငံမှ လုပ်ဆောင်ချက် ၈ခုကို ကြေညာခဲ့သည်။ ယင်းလုပ်ဆောင်ချက် ၈ခုမှာ Belt and Road အရည်အသွေး မြင့်မားစွာ အတူ တည်ဆောက်ရေး၊ ဆင်းရဲမှု လျှော့ချရေးကို နက်ရှိုင်းစေရေး၊ စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဒီဂျစ်တယ် စီးပွားရေး အပါအဝင် နယ်ပယ်များစွာတွင် လက်တွေ့ ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို အားပေး ထောက်ခံခြင်း၊ ဖွံဖြိုးတိုးတက်မှု နောက်ကျသော နိုင်ငံများအား တစ်ဖတ်သတ် တံခါးဖွင့်မှုကို တိုးချဲ့ခြင်း စသည်များ ပါဝင်သည်။

အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေးသည် ကမ္ဘာ စီမံ အုပ်ချုပ်ရေး ကောင်းမွန်ပြည့်စုံစေရေးနှင့် ခွဲမရပါ။ သမ္မတ ရှီကျင့်ဖိန်သည် စီးပွားရေး၊ ငွေရေး ကြေးရေး၊ ကုန်သွယ်ရေး၊ ဒီဂျစ်တယ်၊ သဘာဝ ပတ်ဝန်းကျင် စသည့် နယ်ပယ်များတွင် တရုတ် နိုင်ငံ၏ ကမ္ဘာ စီမံအုပ်ချုပ်ရေး အမြင်ကိုလည်း ဘက်စုံ ရှင်းလင်းပြောကြားပြီး ပူးပေါင်းဆောင်ရွက်မှု၊ တည်ငြိမ်မှု၊ တံခါးဖွင့်မှု၊ ဆန်းသစ်တီထွင်မှု၊ လူနှင့်သဘာဝ သင့်မြတ်စွာ အတူနေထိုင်မှု ရှိသော ကမ္ဘာ စီးပွားရေးကို တည်ဆောက်သင့်ကြောင်းလည်း အလေးထား ပြောကြားခဲ့သည်။ ယင်းများသည် ကမ္ဘာ စီမံ အုပ်ချုပ်ရေး ကောင်းမွန်ပြည့်စုံ စေရေး အတွက် တိကျသော စီမံချက်များ ဖြစ်သည်။

ကောင်းမွန်သည့် နေထိုင်မှုဘဝများ ပိုင်ဆိုင်ပြီး ခေတ်မီရေးကို အကောင်အထည် ဖော်ဆောင်နိုင်ခြင်းသည် နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ဘုံလိုက်စားမှု ဖြစ်သည်။ တရုတ်နိုင်ငံတွင် လူ သန်း ၈၀၀၏ ဆင်းရဲမှုကို ပပျောက်စေနိုင်ခဲ့ခြင်းသည် ကမ္ဘာ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းကို များစွာ တွန်းအားပေးပြီး “ကမ္ဘာတောင်ဘက်ခြမ်း”နိုင်ငံများ၏ ဖွံ့ဖြိုးရေး ယုံကြည်မှုကို အားကောင်းစွာ တိုးမြှင့်ခဲ့သည်။

အတူတကွ ဖွံ့ဖြိုးတိုးတက်မှုသည် စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်သည်။ အတူတကွ ဖွံ့ဖြိုးတိုးတက်သော၊ တရားမျှတသော ကမ္ဘာတစ်ခုကို တည်ဆောက်ရေး အတွက် တရုတ် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတကာ စီးပွားကုန်သွယ်ရေး အစီအစဉ်များတွင် ဗဟိုကျသည့် အဆင့်နေရာ၌ ထားရှိရန် အစဉ်တစိုက် ကြိုးစားပြီး တွန်းအားပေးနေသည်။ ယခုအကြိမ် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖိန်သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ဂေဟယဉ်ကျေးမှု၊ နိုင်ငံတကာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပတ်ဝန်းကျင်နှင့် ဘက်ပေါင်းစုံ ဝါဒ စွဲကိုင်ခြင်း စသည်များနှင့် ပတ်သက်၍  အဆိုပြုချက် ၄ချက်ကို တင်ပြခဲ့သည်။ ယင်းသည် တရုတ် နိုင်ငံ အမြဲတမ်း စွဲကိုင်ထားသည့် ရပ်တည်ချက်နှင့် အားပေးတိုက်တွန်းချက်ကို ထင်ဟပ်နေသည်။ ယင်းမှာ ကမ္ဘာ စည်ပင်သာယာရေးကို ဆင်းရဲချမ်းသာ ကွာဟမှု အခြေခံပေါ်တွင် ထူထောင်နိုင်မည် မဟုတ် ကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် ဘက်ပေါင်းစုံ ပါဝင်မှု၊ အားလုံး အကျိုးရရှိခံစားမှုနှင့် ရေရှည်ခိုင်မာမှု ပိုမိုများပြားသည့် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကြသင့်ကြောင်း ဖြစ်သည်။

    ခေတ်မီရေး လမ်းကြောင်းပေါ်တွင် မည်သူမည်ဝါမှ ချန်ထား၍မရသလို မည်သည့်နိုင်ငံမှ နောက်ချန်၍မရပါ။ Rio de Janeiro ထိပ်သီး အစည်းအဝေးကို အစပြုရာသစ် အဖြစ် ထားပြီး

G20သည် ကမ္ဘာ စီမံအုပ်ချုပ်ရေး ကောင်းမွန်ပြည့်စုံစေရန်နှင့် သမိုင်းတိုးတက်မှု တွန်းအားပေး ရန် အင်အား အဖြစ် ဆက်လက် ကြိုးပမ်းဆောင်ရွက်သင့်သည်။ G20၏ အရေးကြီး အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေနှင့် တရုတ် နိုင်ငံသည်  တန်းတူညီမျှပြီး စည်းစနစ်ကျသော ကမ္ဘာကြီး ဝင်ရိုးစုံ တိုးတက်ခြင်း (Multi-polarization) နှင့် အားလုံးပါဝင်ပြီး အကျိုး ရရှိနိုင်သည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ဆက်တိုက် တိုးမြှင့်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရန်နှင့် ကမ္ဘာ စီမံအုပ်ချုပ်ရေး ကောင်းမွန်ပြည့်စုံစေရန် အတွက် တရုတ် အင်အားကို ဆက်လက် ပံ့ပိုးပေးမည် ဖြစ်သည်။