ရုရှားသမ္မတ ပူတင်က သမ္မတအမိန့်ကို လက်မှတ်ရေးထိုးပြီး ရုရှား၏ နျူကလီးယားဆိုင်ရာ အခြေခံ မူဝါဒ အသစ်ကို အတည်ပြု

(GMT+08:00)2024-11-20 11:38:43  

ဒေသစံတော်ချိန် ၁၉ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်က သမ္မတအမိန့်ကို လက်မှတ်ရေးထိုးပြီး ရုရှား၏ နျူကလီးယားဆိုင်ရာ အခြေခံ မူဝါဒ အသစ်ကို အတည်ပြုခဲ့သည်။ အဆိုပါအမိန့်သည် လက်မှတ် ရေးထိုးသည့်နေ့မှစ၍ အသက်ဝင်သည်။

ယင်းမူဝါဒအသစ်သည် ရုရှားနိုင်ငံအနေနှင့် နျူကလီးယားလက်နက် အသုံးပြုနိုင်သည့် နိုင်ငံနှင့် စစ်ရေး မဟာမိတ်အဖွဲ့များ၏ အတိုင်းအတာကို တိုးချဲ့စေပြီး မည်သည့်နျူကလီးယားလက်နက်မရှိသော နိုင်ငံမဆို နျူကလီးယားလက်နက် ပါရှိသောနိုင်ငံများ၏ ပါဝင်မှု သို့မဟုတ် ပံ့ပိုးကူညီမှုဖြင့် ရုရှားအပေါ် ကျူးလွန်မှုကို ရုရှားအပေါ် "ပူးပေါင်း တိုက်ခိုက်မှု" အဖြစ် သတ်မှတ်ထားသည်။ ထို့အပြင် ရုရှားနိုင်ငံသည် လေကြောင်းနှင့် အာကာသ တိုက်ခိုက်မှု လက်နက်များ စုပေါင်းပစ်လွှတ်ပြီး ရုရှားနယ်စပ်ကို ဖြတ်ကျော်သော ယုံကြည်ရသည့် သတင်းအချက်အလက်ကို ရရှိသောအခါ နျူကလီးယားလက်နက် အသုံးပြုရန် စဉ်းစားမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။