နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၂၀၂၄ ခုနှစ် ကမ္ဘာ့အင်တာနက်ညီလာခံ Wuzhen ထိပ်သီးအစည်းအဝေးဖွင့်လှစ်ခြင်းအတွက် ဗီဒီယိုဖြင့် ဂုဏ်ပြုခဲ့ပါသည်။
ရှီကျင့်ဖိန် က တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ သတင်းအချက်အလက်တော်လှန်ရေး ဖွံ့ဖြိုးတိုးတက်မှု၏ သမိုင်းဝင် အစပျိုးမှုကို ဆုပ်ကိုင်ပြီး ဆိုက်ဘာစပေ့ကံကြမ္မာတူအသိုက်အဝန်းကို လက်တွဲတည်ဆောက်ကာ အင်တာနက်ဖြင့် ပြည်သူများအတွက်၊ ကမ္ဘာအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုစေလိုကြောင်း ပြောကြားပါသည်။