ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသော ၁၉ ကြိမ်မြောက် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရာတွင် အတူဖွံ့ဖြိုးတိုးတက်သော တရားမျှတသည့် ကမ္ဘာ ကြီးကို တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် အရေးကြီးသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က မိမိသည် တရုတ်နိုင်ငံ၏ ရွာ၊ ခရိုင်၊ မြို့၊ ပြည်နယ်နှင့် ဗဟိုအစိုးရဌာနများတွင် အဆင့်ဆင့် အလုပ်လုပ်ခဲ့ဖူးကြောင်း၊ ဆင်းရဲမှု ပပျောက်ခြင်းသည် လုပ်ငန်းများ၏ အရေးကြီးရာ အစိတ်အပိုင်း ဖြစ်ကာ မိမိက ဆန္ဒရှိပြီး ဖြစ်မြောက်အောင် လုပ်ရမည့် အကြောင်းကိစ္စကြီး တစ်ရပ် ဖြစ်ကြောင်း၊ ဇွဲရှိရှိဖြင့် နောက်ဆုံးအထိ အောင်မြင်သည့်တိုင်အောင် ကြိုးပမ်းရသည့် စိတ်ဓာတ်ဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲမှု ပြဿနာကို ဖြေရှင်းနိုင်သည်ဟု တရုတ်နိုင်ငံ၏ ဆင်းရဲမှု ပပျောက်ရေး ဖြစ်စဉ်မှ ပြသထားကြောင်း၊ အားနည်းသော ငှက်များသည် သူများထက် စောပြီး ပျံသန်းမှ ခပ်မြင့်မြင့် ရောက်အောင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက အောင်နိုင်သလို အခြား ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း အောင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံက ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်း အောင်နိုင်ခဲ့ခြင်း၏ ကမ္ဘာကြီးအတွက်ဆောင်ကြဉ်းပေးသည့် အဓိပ္ပာယ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။