ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၉ ကြိမ်မြောက် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေး ထောက်ခံရေးဆိုင်ရာ လုပ်ဆောင်ချက် ၈ ရပ်ကို ကြေညာခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက် ၈ ရပ်မှာ (၁) အရည်အသွေးမြင့်မားသော Belt and Road လက်တွဲ တည်ဆောက်မှုကို အတူတကွ လုပ်ဆောင်ခြင်း (၂) ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်ကို အကောင်အထည်ဖော်ဆောင်ခြင်း ၊ (၃) အာဖရိက၏ ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံခြင်း၊ (၄) ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံခြင်း၊ (၅) တရုတ်၊ ဘရာဇီး၊ တောင်အာဖရိကနှင့် အာဖရိကသမဂ္ဂတို့ ပူးပေါင်း၍ “တံခါးဖွင့် သိပ္ပံပညာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆိုပြုချက်”ကို အဆိုပြုခြင်း ၊ (၆) G20 အုပ်စု၏ ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများ အကျိုးရှိစေသော လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံခြင်း၊ (၇) G20 အုပ်စု၏ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံကိန်း” ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ (၈) တရုတ်နိုင်ငံသည် အဆင့်မြင့် တံခါးဖွင့်ရေးစနစ်ကို မြှင့်တင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများအား တစ်ဖက်သတ် တံခါးဖွင့်ရေးမူဝါဒကို အဆင့်မြှင့်တင်ခြင်း တို့ ဖြစ်ကြောင်း သတင်းအရ သိရပါသည်။
ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်မှု ထောက်ခံရေးဆိုင်ရာ လုပ်ဆောင်ချက် ၈ ရပ်ကို ကြေညာ
(GMT+08:00)2024-11-19 10:45:30