ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ G-20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ ဆက်လက် တက်ရောက်ခဲ့ပါသည်။
ထိပ်သီးခေါင်းဆောင်များအစည်းအဝေး၏ ဒုတိယ အဆင့်ကာလ အစည်းအဝေးတွင် နိုင်ငံတကာ စီမံခန့်ခွဲရေးဌာနများ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာ၌ ရှီကျင့်ဖိန်သည် တရားမျှတသော နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ်ကို လက်တွဲ တည်ဆောက်ခြင်း ခေါင်းစဉ်ဖြင့် အရေးကြီးသည့် မိန့်ခွန်းကို ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က မိမိတို့သည် လူသား ကံကြမ္မာတူ အသိုက်အဝန်း အယူအဆကို စွဲကိုင်ပြီး တစ်ဖက်သား၏ ဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်မှု မဟုတ်ဘဲ အခွင့်အလမ်းအဖြစ် မြင်ထားကာ တစ်ဖက်သားကို ပြိုင်ဘက် မဟုတ်ဘဲ မိတ်ဖက် အဖြစ် သဘောထားသင့် ကြောင်း၊ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ် ရည်မှန်းချက်နှင့်မူကို အခြေခံအဖြစ်ထားသည့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို စွဲကိုင်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေကို အခြေခံ အဖြစ် ထားသည့် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ သဘောတူညီချက်များကို တစ်ဆင့်တိုး စုစည်းထားကာ တန်းတူညီတူဖြစ်ပြီး စနစ်တကျ ဖြစ်သော ကမ္ဘာ့ multipolarization ဖြစ်ရေး၊ အားလုံး ပါဝင် အကျိုးခံစားရသော စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖိန်က နိုင်ငံတကာ စီးပွားရေး စီမံခန့်ခွဲမှုကို ပိုမို ပြည့်စုံ ကောင်းမွန်စေပြီး ပူးပေါင်းဆောင်ရွက်ရေးပုံစံဖြစ်သည့် ကမ္ဘာ စီးပွားရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာ ငွေရေးကြေးရေး စီမံခန့်ခွဲမှုကို ပိုမို ပြည့်စုံ ကောင်းမွန်စေပြီး တည်ငြိမ်ရေး ပုံစံဖြစ်သည့် ကမ္ဘာ စီးပွားရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စီမံခန့်ခွဲမှုကို ပိုမို ပြည့်စုံ ကောင်းမွန်စေပြီး တံခါးဖွင့်လှစ်ရေး ပုံစံဖြစ်သည့် ကမ္ဘာ စီးပွားရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာ ဒစ်ဂျစ်တယ် စီမံခန့်ခွဲမှုကို ပိုမို ပြည့်စုံ ကောင်းမွန်စေပြီး ဆန်းသစ်တီထွင်ရေးပုံစံဖြစ်သည့် ကမ္ဘာ စီးပွားရေးကို တည်ဆောက်ရန်နှင့် နိုင်ငံတကာ ဂေဟစနစ် စီမံခန့်ခွဲမှုကို ပိုမို ပြည့်စုံ ကောင်းမွန်စေပြီး ဂေဟစနစ် ထိန်းသိမ်းရေးပုံစံဖြစ်သည့် ကမ္ဘာ စီးပွားရေးကို တည်ဆောက်ရန် အပါအဝင် တိုက်တွန်းချက်များကို ဖော်ပြထားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။