ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့က China Meida Group ၊ G20 လူငယ်များ ထပ်သီးအစည်းအဝေး (Y20) နှင့် ဘရာဇီးသမ္မတရုံး အတွင်းဝန်ရုံးချုပ်တို့သည် ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုမြို့တွင် “ကမ္ဘာ့တောင်ဘက်ခြမ်း” (Global South) နိုင်ငံများမှ လူငယ်များ Face to Face မီဒီယာလှုပ်ရှားမှုကို စတင်ကျင်းပခဲ့ရာ နိုင်ငံ ၇၄ နိုင်ငံ၏ မီဒီယာ ၂၁၅ ခုတို့မှ အတူတကွထောက်ခံပြီး ပါဝင်ကြသော “ကမ္ဘာ့တောင်ဘက်ခြမ်း”နိုင်ငံများမှ မီဒီယာများ လူသားကံကြမ္မတူအသိုက်အဝန်း လက်တွဲတည်ဆောက်ရေးဆိုင်ရာ အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Meida Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ က China Meida Group နှင့် မိတ်ဖက်များမှ “ကမ္ဘာ့တောင်ဘက်ခြမ်း”နိုင်ငံများမှ လူငယ်များ Face to Face မီဒီယာလှုပ်ရှားမှုကို စတင်ကျင်းပခြင်းမှာ ကူးလူးဖလှယ်ရေးပလက်ဖောင်းတစ်ခုကို ထူထောင်ပြီး “ကမ္ဘာ့ တောင်ဘက်ခြမ်း”နိုင်ငံများမှ လူငယ်များ မီဒီယာသတင်းဖြန့်ချိရေး၊ အနုပညာဖန်တီးရေး၊ လူမှုရေးသုတေသနပြုရေးနှင့် အားကစားကူးလူးဖလှယ်ရေးစသည့် နယ်ပယ်များတွင် လက်တွဲကြိုးပမ်းဆောင်ရွက်စေနိုင်ကြောင်း၊ China Meida Group အနေဖြင့် မိတ်ဖက် ကောင်းများနှင့်အတူ ကမ္ဘာပေါ်ရှိ လူငယ်တိုင်း၏ အိပ်မက်ကို ကာကွယ်စောင့်ရှောက်ပြီး လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ဖို့ တွန်းအားပေးရန်၊ အေးအတူ ပူအမျှ ဖြစ်ပြီး ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နိုင်သော သာယာသည့် ကမ္ဘာကြီးကို လက်တွဲဖန်တီးရန် အကျိုးပြုစွမ်းဆောင်လိုကြောင်း ပြောကြားခဲ့ပါသည်။