၁၉ကြိမ်မြောက် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၁၈ရက်နေ့မှ ၁၉ရက်နေ့ အထိ ဘရာဇီး နိုင်ငံ Rio de Janeiroတွင် ကျင်းပနေသည်။ အစည်းအဝေး၏ ဆောင်ပုဒ်မှာ “တရားမျှတသော ကမ္ဘာနှင့် စဉ်ဆက်မပြတ် ဖြစ်သော ကမ္ဘာမြေကြီးကို တည်ဆောက်ရန်” ဟူ၍ဖြစ်သည်။ မကြာခင် ရက်များက နိုင်ငံတကာ ပြည်သူ့ သဘောထားသည် G20 Rio de Janeiro ထိပ်သီး အစည်းအဝေးတွင် တရုတ် နိုင်ငံ အနေနှင့် ကမ္ဘာ အတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းလာနိုင်ရန် မျှော်လင့်ကြောင်း အသီးသီး ဖော်ပြခဲ့ကြသည်။
G20၏ ဖွံ့ဖြိုးတိုးတက်ရေး သမိုင်းကြောင်းတွင် တရုတ် နိုင်ငံသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသနည်း။ လက်ရှိ ကမ္ဘာ စီးပွားရေး အခြေအနေသည် မည်သည့် စိန်ခေါ်မှုကို ရင်ဆိုင်နေရသနည်း။ ယင်းမေးခွန်းများ၏ အဖြေများကို သိရှိနားလည်နိုင်လျှင် အဘယ်ကြောင့် ကမ္ဘာသည် ယခုအကြိမ် G20 ထိပ်သီး အစည်းအဝေးတွင် တရုတ် အသံကို ကြားရန် မျှော်လင့်သနည်း ဆိုသည်ကို ပိုပြီး သိရှိနားလည်နိုင်မည် ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ အားလုံး အတွက် အလွန် အရေးကြီးသည်။ G20 ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ် နိုင်ငံသည် ဖွံဖြိုးတိုးတက်မှု ပြဿနာကို အစဉ်တစိုက် အာရုံစူးစိုက်သည်။ ၂၀၁၆ခုနှစ် G20 ဟန်ကျိုး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေး ပြဿနာကို G20 ပူးပေါင်းဆောင်ရွက်မှုတွင် ထင်ရှားသည့်နေရာ၌ ပထမဆုံး အကြိမ် အဖြစ် ထားရှိရန် တွန်းအားပေးခဲ့သည်။ ၂၀၂၂ခုနှစ် G20 ဘာလီကျွန်း ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ် နိုင်ငံက ဘက်ပေါင်းစုံ ပါဝင်မှု၊ အားလုံး အကျိုးခံစား ရရှိမှုနှင့် ရေရှည်ခိုင်မာမှု ပိုမိုများပြားသည့် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသင့်ကြောင်း အလေးထား ဖော်ပြခဲ့သည်။ တရုတ် နိုင်ငံသည် Belt and Road အဆိုပြုချက်နှင့် ကမ္ဘာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်များကို တင်ပြပြီး တက်ကြွစွာ ဖော်ဆောင်ကာ G20 အဖွဲ့ဝင်များအား ယင်းအဆိုပြုချက်များ၏ ပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ကြိုဆိုသည်ဟု ဖော်ပြသည်။
စီမံအုပ်ချုပ်ရေးသည် တရုတ် နိုင်ငံ၏ အခန်းကဏ္ဍကို သိရှိနားလည်ရန် အခြား အဓိကကျသော စာလုံး ဖြစ်သည်။ G20 မူဘောင် အတွင်း တရုတ် နိုင်ငံသည် စစ်မှန်သော ဘက်ပေါင်းစုံ ဝါဒကို ကျင့်သုံးဖော်ဆောင်ရန် အစဉ်တစိုက် အားပေးတိုက်တွန်းပြီး အတူတိုင်ပင်ဆွေးနွေးရေး၊ အတူ တည်ဆောက်ရေး၊ အတူမျှဝေခံစားရေး ဖြစ်သည့် ကမ္ဘာ စီမံအုပ်ချုပ်ရေး အမြင်ကို စွဲကိုင်ထားသည်။ ၂၀၁၆ခုနှစ် G20 ဟန်ကျိုး ထိပ်သီးခေါင်းဆောင် များ အစည်းအဝေးတွင် တရုတ် နိုင်ငံသည် ကမ္ဘာ စီးပွားရေး စီမံခန့်ခွဲမှု အမြင်ကို ပထမဆုံး အကြိမ် ဘက်စုံ ရှင်းလင်းဖော်ပြခဲ့သည်။ ယင်းအမြင်မှာ တန်းတူညီမျှရေးကို အခြေခံ အဖြစ် ထားခြင်း၊ တံခါးဖွင့်မှုကို ဦးတည်ချက် အဖြစ်ထားခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးမှုအဖြစ် ထားခြင်းနှင့် အတူ မျှဝေခံစားရေးကို ရည်မှန်းချက် အဖြစ် ထားခြင်းတို့ ဖြစ်သည်။ တရုတ် နိုင်ငံသည် ကမ္ဘာ စီးပွားရေး စီမံခန့်ခွဲမှုကို ပိုမို တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်စေရန် အစဉ်တစိုက် တွန်းအားပေးနေသည်။
ယခု အကြိမ် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ် နိုင်ငံသည် ဘက်အသီးသီးတို့နှင့် အတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ဆွေးနွေးပြီး တန်းတူညီမျှပြီး စနစ်တကျရှိသော ကမ္ဘာကြီး ဝင်ရိုးစုံတိုးတက်ခြင်းနှင့် အားလုံးပါဝင်ပြီး အကျိုး ရရှိနိုင်သည့် စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို အကောင်အထည် ဖော်ဆောင်ရန် အားပေးတိုက်တွန်း မည် ဖြစ်သည်။ ကမ္ဘာသည် တရုတ် နိုင်ငံ အနေနှင့် နိုင်ငံ အားလုံး၏ အတူတကွ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ စီမံအုပ်ချုပ်ရေး အတွက် ပိုမိုများပြားသည့် ဉာဏ်ပညာနှင့် အင်အားများကို ပံ့ပိုးပေးရန် မျှော်လင့်သင့်သည်။