“တရုတ်ထန်မင်းဆက် - တံခါးဖွင့်သော ထွေပြားသော လူ့အဖွဲ့အစည်းတစ်ခု” (၇ ရာစု မှ ၁၀ ရာစု အထိ) ပြပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့က ပြင်သစ် Musée ပြတိုက်(Musée Guimet)တွင် စတင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် တို့သည် အဆိုပါပြပွဲအတွက် နိဒါန်းကို အသီးသီးရေးသားခဲ့ပါသည်။
သမ္မတ ရှီကျင့်ဖိန် က တရုတ်လူမျိုးနှင့် ပြင်သစ်လူမျိုးတို့သည် ရှည်လျားလှသော သမိုင်းကြောင်းနှင့် တောက်ပရွှန်းတင့်သော ယဉ်ကျေးမှု ရှိကြကြောင်း၊ မိမိတို့အနေဖြင့် သမိုင်းယဉ်ကျေးမှုမှ ဉာဏ်ဖွင့်ပေးပြီး လူမှုယဉ်ကျေးမှုနယ်ပယ်တွင် ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်သင်ယူလေ့လာမှု၊ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းလာစေသင့်ကြောင်း၊ “ကိုယ်စီလှပ၍ အလှတရားများကို အပြန်အလှန်သိမြင်ခံစား”ပြီး သမိုင်း ချစ်မေတ္တာနှင့် ခေတ်၏ စိတ်ဓာတ်ကို တရုတ်- ပြင်သစ်ချစ်ကြည်ရေးထဲတွင် ပေါင်းစပ်ထားကာ ပိုမိုခိုင်မြဲပြီး ရှင်သန်မှုပိုရှိသည့် တရုတ်-ပြင်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
သမ္မတ မက်ခရွန် က ၄င်းသမိုင်းအဓိပ္ပါယ်ရှိသော ပြပွဲမှာ ပြင်သစ်-တရုတ်ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများတွင် ရှင်သန်မှုရှိပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည် ဖြစ်သည်ဟု ပြဆိုနိုင်ကြောင်း ဖော်ပြထားပါသည်။