ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့က CMG နှင့် ဘရာဇီးယဉ်ကျေးမှုဝန်ကြီးဌာနတို့သည် ရီယိုဒီဂျနေးရိုး၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်ဖက်တို့သည် ရုပ်မြင်သံကြားအစီအစဉ်ထုတ်လုပ်ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များ သတင်းဖြန့်ဝေခြင်း၊ ဝန်ထမ်းများနှင့် နည်းပညာဆိုင်ရာ ကူးလူးဖလှယ်ခြင်းစသည့် နယ်ပယ်များတွင် သဘောတူညီမှု ရရှိခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး၊ CMG ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် ဘရာဇီးနိုင်ငံယဉ်ကျေးမှုဝန်ကြီး Menezes တို့သည် နှစ်ဖက်ကိုယ်စား စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ရှင့်ဟိုင်ရှုံက မကြာခင်နှစ်များအတွင်း CMG သည် ဘရာဇီးရှိ အလွှာပေါင်းစုံနှင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘရာဇီးမီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ထားရှိကာ နှစ်နိုင်ငံပြည်သူများကြား သိရှိနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားပါသည်။