ရှီကျင့်ဖိန်သည် မက္ကဆီကိုသမ္မတ ရှိန်းဘွမ် နှင့် တွေ့ဆုံ

(GMT+08:00)2024-11-19 07:05:52  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးတွင် ကျင်းပသည့် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး တက်ရောက်စဉ်အတွင်း မက္ကဆီကိုသမ္မတ ရှိန်းဘွမ်နှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နှင့် မက္ကဆီကိုနှစ်နိုင်ငံတို့သည် ရေရှည် ချစ်ကြည်ရင်းနှီးမှု အစဉ်အလာရှိကြောင်း၊ နှစ်ဖက်စလုံးက လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တွန်းအားပေးပြီး၊ ခေတ်သစ်တွင် နှစ်နိုင်ငံဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသင့်ကြောင်း၊ တရုတ်နိုင်ငံအနေနှင့် ဘက်ပေါင်းစုံဝါဒနှင့် နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော စွမ်းအားကို ထည့်သွင်းထားရန် မက္ကဆီကိုနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားလိုကြောင်း ပြောကြား ပါသည်။

ရှိန်းဘွမ်က မက္ကဆီကိုနှင့် တရုတ်နိုင်ငံတို့သည် ဝေးကွာသော်လည်း နီးကပ်နွေးထွေးသော ဆက်ဆံမှု ရှိကြောင်း၊ မက္ကဆီကိုနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် ဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်းကာကွယ်ရန် အကျိုးပြုစွမ်းဆောင်ကြကြောင်း၊ မက္ကဆီကိုအနေနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုချဲ့ထွင်ရန် တရုတ်နှင့် အတူ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြား ပါသည်။