China Media Group နှင့် Grupo Bandeirantes တို့သည် ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံမြှင့်တင်မည်

(GMT+08:00)2024-11-19 10:46:34  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့က တရုတ်နိုင်ငံ China Media Group နှင့် ဘရာဇီးနိုင်ငံ Comunicação do Grupo Bandeirantes de Radio e Televisão  တို့သည် ရီယိုဒီဂျနေးရိုး၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ရာ နှစ်ဖက်တို့သည် ပရိုဂရမ် ထုတ်လုပ်မှု၊ နည်းပညာသစ်များ ဆန်းသစ်တီထွင်မှုနှင့် အသုံးပြုမှု၊ ဝန်ထမ်းများ ကူးလူးဖလှယ်မှု စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong နှင့် Comunicação do Grupo Bandeirantes de Radio e Televisão ဥက္ကဋ္ဌ João Carlos Saad တို့သည် နှစ်ဖက်ကိုယ်စား စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။