နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန် နယူးယောက်မြို့ ပို့ဆောင်ရေးဌာန (MTA) ၏ ဒါရိုက်တာဘုတ်အဖွဲ့သည် နယူးယောက် မန်ဟက်တန်တွင် ပြန်လည်ပြင်ဆင်ထားသည့် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အခွန်ကောက်ယူမှု အစီအစဉ်ကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရှိရပါသည်။ ဤအစီအစဉ်အရ စနေ၊ တနင်္ဂနွေ မှအပ ကြားရက်များတွင် ယာဉ်ကြောအပိတ်ဆုံးအချိန် နံနက် ၉ နာရီမှ ည ၉ နာရီအထိ မန်ဟက်တန်ရှိ လမ်း အမှတ် ၆၀ ၏တောင်ဘက်ဧရိယာသို့ဝင်ရောက်ရန် အနည်းဆုံး ၉ ဒေါ်လာ ပေးဆောင်ရမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်သည် အမေရိကန်၌ ပထမဆုံးအကြိမ် ယာဉ်ကြောပိတ်ဆို့မှုကြောင့် အခွန်ကောက်ယူခြင်းဖြစ်ပြီး လာမည့်နှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် စတင် ကျင့်သုံးမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။