ဘရာဇီးနိုင်ငံ အဆင့်မြင့်အရာရှိများက ရှီကျင့်ဖိန်ကို လှိုက်လှိုက်လှဲလှဲ လာရောက်ကြိုဆိုခဲ့ကြ

(GMT+08:00)2024-11-18 07:50:43  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အထူးလေယာဉ်ဖြင့် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးသို့ ရောက်ရှိခဲ့ပါသည်။ လေဆိပ်မှ ဟိုတယ်သို့ သွားရာလမ်းတွင် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက သမ္မတ ရှီကျင့်ဖိန်၏ ခရီးလှည့်လည်မှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။