ရုရှားသည် ဥရောပသမဂ္ဂ၏ အရေးယူမှုခံရခြင်းကြောင့် ဓာတ်ငွေ့ပို့လွှတ်မှုကို လျှော့ချပြီး သြစတြီးယားအား ဓာတ်ငွေ့ပို့လွှတ်မှု ဖြတ်တောက်

(GMT+08:00)2024-11-18 13:04:45  

ရုရှား သဘာဝဓာတ်ငွေ့ စက်မှုလုပ်ငန်း အစုရှယ်ယာကုမ္ပဏီ(Gazprom)သည် ယခုလ ၁၆ ရက်နေ့က သြစတြီးယား အမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့ အုပ်စု(OMV)သို့ ဓာတ်ငွေ့ပို့လွှတ်မှုကို ဖြတ်တောက်နေပြီဖြစ် ကြောင်း သြစတြီးယား စွမ်းအင်ကြီးကြပ်ရေးဌာနက ထိုနေ့တွင် ပြောကြားခဲ့သည်။ သြစတြီးယားနိုင်ငံသည် ရုရှား သဘာဝဓာတ်ငွေ့ ပို့လွှတ်မှု ဖြတ်တောက်ခြင်းခံရသည့် နောက်ဆုံး ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။

Gazpromသည် ၁၂ နာရီ ကြိုတင်ပြီး "ဓာတ်ငွေ့ပို့လွှတ်မှု ဖြတ်တောက်ခြင်း" ဆုံးဖြတ်ချက်ကို သြစတြီးယားဘက်အား အကြောင်းကြားခဲ့သည်။ OMV က ယင်းအတွက် မိမိအနေနှင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး ဂျာမနီ၊ အီတလီနှင့် နယ်သာလန်တို့မှ သဘာဝဓာတ်ငွေ့ တင်သွင်းခြင်းဖြင့် သုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ၁၅ ရက်နေ့က ပြောကြားခဲ့သည်။ ဩစတြီးယား ဝန်ကြီးချုပ် ကားလ်နေဟမ်မာသည် ပြည်သူများအား စိတ်ချစေရန်အတွက် ၁၅ ရက်နေ့က အရေးပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် သြစတြီးယား နိုင်ငံ၌ သဘာဝဓာတ်ငွေ့သိုလှောင်မှု အလုံအလောက်ရှိကြောင်း ပြောကြားခဲ့သည်။