အစ္စရေးသည် ဂါဇာဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုကို ဖန်တီးသည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြ

(GMT+08:00)2024-11-18 14:06:29  

နိုဝင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအထူးကော်မရှင်တစ်ခု၏ အစီရင်ခံစာတွင် အစ္စရေးနိုင်ငံသည် ကုလသမဂ္ဂ၏ ထပ်ခါတလဲလဲတောင်းဆိုမှုများ၊ ချုပ်ထိန်းမှုရှိသော နိုင်ငံတကာတရားရုံး၏ အမိန့်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုပြီး ဂါဇာဒေသကို ဝန်းရံပိတ်ဆို့ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို အနှောင့်အယှက်ပေးခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် အရပ်သူအရပ်သားများနှင့်ကယ်ဆယ်ရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း တို့ဖြင့် သေဆုံးမှု၊ အစာငတ်မွတ်မှုနှင့် ပြင်းထန်သော ထိခိုက်မှုများကို တမင်သက်သက် ပြုလုပ်ခဲ့ကြောင်း၊ အစ္စရေးတပ်ဖွဲ့၏ သက်ဆိုင်ရာ လုပ်ရပ်များမှာ လူမျိုးတုံးသတ်ဖြတ်မှု လက္ခဏာနှင့် ကိုက်ညီကြောင်း ဖော်ပြထားပါသည်။ အဆိုပါအစီရင်ခံစာကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံထံသို့ တင်ပြမည် ဖြစ်ပါသည်။
    ယင်းနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး သည် နိုဝင်ဘာလ ၁၆ ရက်နေ့က ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ ကုလသမဂ္ဂအထူးကော်မရှင်၏ အစီရင်ခံစာတွင် ဘက်လိုက်မှု ပြည့်နေပြီး အစ္စရေးနိုင်ငံကို ဆန့်ကျင်သော အကြောင်းအရာများ မဟုတ်မမှန်ဖော်ပြခဲ့ကြောင်း၊ အစ္စရေးတပ်ဖွဲ့သည် ပါလက်စတိုင်းအရပ်သူအရပ်သားများကို ရည်စူးခြင်းမဟုတ်ဘဲ ဂါဇာဒေသတွင် အစ္စရေး တပ်ဖွဲ့မှ စစ်ဆင်မှုများ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဟားမတ်စ်၏ စစ်ရေးစွမ်းအား ကို ဖျက်ဆီးရန်ပင် ဖြစ်ပြီး အစ္စရေးနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဂါဇာဒေသသို့ အဆက်မပြတ် ဝင်ရောက်စေရန် အကူအညီပေးနေသေး ကြောင်း ဖော်ပြထား ပါသည်။