ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးတွင် ကျင်းပသည့် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စဉ် အတွင်း ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နှင့် တွေ့ဆုံခဲ့ပါသည်။
သမ္မတ ရှီကျင့်ဖိန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နှင့် ကမ္ဘာ့ အဓိက စီးပွားရေးအုပ်စုများအနေနှင့် တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသောတာဝန်ကို ထမ်းဆောင်ရုံသာမက ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ရန်လည်း တာဝန်ရှိကြောင်း၊ နှစ်ဖက်စလုံးက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖြစ်ခြင်းကို စွဲကိုင်ပြီး တရုတ်-ဗြိတိန် ဆက်ဆံရေး ပုံမှန် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နောက်အခန်းကို ပူးတွဲရေးဆွဲသင့်ကြောင်း ပြောကြားခဲ့ပါသည်။
Starmer က ဗြိတိန်နှင့် တရုတ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲသော ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် ကမ္ဘာအတွက် အလွန်အရေးကြီးကြောင်း၊ ဗြိတိန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ဆွေးနွေးညှိနှိုင်းရေးကို အားကောင်းစေပြီး အရေးကြီးသည့် ဒေသဆိုင်ရာ ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။