“ရှီကျင့်ဖိန် ကြိုက်နှစ်သက်တဲ့ ဂန္ထဝင်စာသားများ” အတွဲ ၃ (ပေါ်တူဂီဘာသာစကားဗားရှင်း) ကို ဘရာဇီးနိုင်ငံပင်မမီဒီယာများစွာတွင် ထုတ်လွှင့်ပြသမည်

(GMT+08:00)2024-11-18 09:28:25  

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘရာဇီးဖက်ဒရယ်သမ္မတနိုင်ငံ သမ္မတလူလာ၏ဖိတ်ကြားချက်အရ G20 ခေါင်းဆောင်များ ၁၉ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ပြီး ဘရာဇီးနိုင်ငံသို့  တရားဝင် ခရီးစဉ် သွားရောက်တော့မည့် အခါသမယတွင် China Media Group (CMG) မှထုတ်လုပ်သည့် “ရှီကျင့်ဖိန် ကြိုက်နှစ်သက်တဲ့ ဂန္ထဝင်စကားများ” အတွဲ ၃ (ပေါ်တူဂီဘာသာစကားဗားရှင်း) ကို ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၇ ရက်နေ့မှစ၍ ဘရာဇီးနိုင်ငံမီဒီယာများစွာတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ ဒေသတွင်းပင်မမီဒီယာပေါင်းများစွာက အစီအစဉ် စတင်ထုတ်လွှင့်တော့မည်ကို ကြိုတင်မိတ်ဆက်ခဲ့ရာ ဘရာဇီးပရိသတ်များ၏ ကျယ်ကျယ်ပြန့်ပြန့် စောင့်စားအားပေးခြင်းခံရပါသည်။

“ရှီကျင့်ဖိန် ကြိုက်နှစ်သက်တဲ့ ဂန္ထဝင်စာသားများ” အတွဲ ၃ (ပေါ်တူဂီဘာသာစကားဗားရှင်း) အစီအစဉ်သည် အေးအတူပူအမျှအသိုက်အဝန်း၊ ယဉ်ကျေးမှု ဆန်းသစ်တီထွင် လက်ဆင့်ကမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲမှု ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု ကူးလူးဖလှယ် အပြန်အလှန်လေ့လာသင်ယူမှု စသည့်အကြောင်းအရာများကို အဓိကဖော်ပြထားပြီး သမ္မတရှီကျင့်ဖိန်၏ အရေးပါမိန့်ခွန်း၊ ဆောင်းပါးနှင့် ဆွေးနွေးမှုများတွင် ဥပမာပေး အသုံးပြုထားသော တရုတ်ရှေးဟောင်းစာပေနှင့် ဂန္ထဝင်စာသားများကိုရွေးချယ်ကာ သမ္မတရှီကျင့်ဖိန်၏ သာလွန်ထူးချွန်သော နိုင်ငံရေးဉာဏ်ပညာ၊ နက်ရှိုင်းသောယဉ်ကျေးမှုခံစားချက်နှင့် နက်ဝှမ်းသော သမိုင်းအမြင်နှင့် ကမ္ဘာလုံးဆိုင်ရာအမြင်ကို ကောင်းမွန်စွာတင်ဆက်ခြင်းဖြင့် ပရိသတ်များအား တရုတ်အသွင်ပုံစံခေတ်မီမှု၏ ယဉ်ကျေးမှုအခြေခံကို တင်ဆက်ဖော်ပြထားပါသည်။