ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အေပက်အဖွဲ့ ၃၁ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ပီရူးနိုင်ငံ လီမာမြို့၌ ကျင်းပခဲ့ ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အစည်းအဝေးသို့ တက်ရောက်ပြီး ခေတ်၏ တာဝန်ဝတ္တရားကို အတူတကွထမ်းဆောင်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွဲ တိုးမြှင့်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ ပါသည်။ ဥယျာဉ်မြို့တော် လီမာတွင် သမ္မတ ရှီကျင့်ဖိန်သည် အာရှ-ပစိဖိတ်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်ကို အာရုံစိုက်ပြီး အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို တင်ပြကာ အာရှ-ပစိဖိတ်ဒေသ ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှုကို မြှင့်တင်ရန်နှင့် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်ကို ဖွင့်လှစ်ရန် ခိုင်မာသော အတွေးအခေါ်နှင့် လုပ်ဆောင်ချက် အင်အားများကို ထည့်သွင်းခဲ့သည်။