ယူကရိန်းကို ဆက်လက်ထောက်ခံသွားမည်ဖြစ်သော်လည်း ရုရှားနှင့် ဆက်ဆံရေးပြန်စဖို့ လိုအပ်နေသည်ဟု ဂျာမဏီဝန်ကြီးချုပ်ဆို

(GMT+08:00)2024-11-18 13:41:28  

ယခုလ ၁၅ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်သည် ဂျာမဏီဝန်ကြီးချုပ် Scholz နှင့် ဖုန်းခေါ်ဆိုခဲ့ပြီး နှစ်ဖက်တို့သည် ယူကရိန်းအခြေအနေနှင့်ပတ်သက်၍ အသေးစိတ် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 ယင်းနှင့်စပ်လျဉ်း၍ ဂျာမဏီဝန်ကြီးချုပ် Scholz သည် ၁၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ရှင်းလင်းပွဲတွင် Scholz က ယခုတစ်ကြိမ်ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် လက်ရှိ ရုရှား-ယူကရိန်း ပဋိပက္ခအပေါ် ရုရှား၏ အမြင်များသည် များစွာပြောင်းလဲခြင်းမရှိကြောင်း သိရှိခဲ့ရပြီး ယူကရိန်းအတွက် ဂျာမဏီထောက်ခံမှုလည်း ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

 အမေရိကန် အိမ်ဖြူတော်သို့ ထရန့် ပြန်လာမှုအခြေအနေအောက်တွင် အကယ်၍ အမေရိကန်နှင့် ရုရှားကြား တိုက်ရိုက်ဆက်သွယ်မှု ပြန်လည်ရရှိပါက ရုရှားနှင့် ဖလှယ်ရန် လမ်းကြောင်းများ ဆုံးရှုံးနေသည့် ဥရောပနိုင်ငံများသည် သံတမန်ရေးရာ အခြေအနေကို အားနည်းချက်ဖြစ်စေသည်ဟု Scholz မှ ပြောကြားခဲ့သည်။