အာရှနှင့် ပစိဖိတ်သည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အတွက် မီးရထား စက်ခေါင်း ကျသည့် အခန်းကဏ္ဍမှ မည်သို့ ပါဝင်ဆောင်ရွက်မည်နည်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံမှ အဖြေပေး

(GMT+08:00)2024-11-18 14:14:55  

 လက်ရှိတွင် ကမ္ဘာသည် မတည်မငြိမ် ဖြစ်ပြီး အရှိန်မြှင့် ပြောင်းလဲသည့် အချိန်ကာလသစ်သို့ ဝင်ရောက်ပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အားနည်းကာ တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒသည် ဦးမော့လာ၍ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဖီလာဆန့်ကျင်အောင် လုပ်ခြင်းကို ရင်ဆိုင်နေရသည်။ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်က စီးပွားရေး ဂလိုဘယ်လိုက် ဇေးရှင်းသည် ဖီလာဆန့်ကျင်မှုများ ကြုံတွေ့နေရသော်လည်း ဖွံဖြိုးတိုးတက်ရေး အလားအလာသည် ဘယ်တော့မှ ပြောင်းလဲခြင်း မရှိကြောင်း၊ လက်ရှိတွင် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အပေါ် တွန်းအားနှင့် တားဆီးမှု အင်အားများ ရောယှက်နေကြောင်း၊ သို့သော် တွန်းအားသည် တားဆီးမှု အင်အားကို သာလွန်မြဲ ဖြစ်နေသေးကြောင်း၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း လားရာကို မှန်ကန်စွာ ဦးဆောင်ပေးပြီး စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းမှ ပိုမိုများပြားသည့် အပြုသဘောဆောင်သော သက်ရောက်မှုများ ဖြစ်ပေါ်စေကာ ရှင်သန်မှု၊ ဘက်ပေါင်းစုံ ပါဝင်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်မှု ပိုမိုများပြားသည့် အဆင့်ကာလသို့ ဝင်ရောက်စေရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောဆိုချက်သည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖွံဖြိုးတိုးတက်မှု အတွက် ဦးတည်ချက်ကို ထပ်မံ ညွှန်ပြပေးပြီး အာရှနှင့် ပစိဖိတ်ဒေသ အနေနှင့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း အတွက် မီးရထား စက်ခေါင်းကျသည့် အခန်းကဏ္ဍမှ  ဆက်လက် ပါဝင်ဆောင်ရွက်သည့် ယုံကြည်မှု ကို အားကောင်းစွာ တိုးမြှင့်ပေးသည်။

ကမ္ဘာပေါ်တွင် စီးပွားရေး တိုးတက်မှု ဆိုင်ရာ ရှင်သန်မှု အရှိဆုံးသော ဒေသ ဖြစ်သည့် အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်လေးဆယ် အတွင်း အာရှနှင့် ပစိဖိတ်‌ ဒေသသည် ဒေသတွင်း အေးချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်ကို မှီခိုအားထားပြီး စစ်မှန်သော ဘက်ပေါင်းစုံ ဝါဒနှင့် တံခါးဖွင့်မှု ရှိသော ဒေသတွင်း ဝါဒကို စွဲကိုင်ကာ တစ်ကမ္ဘာလုံးမှ အာရုံစိုက်ရလောက်အောင် “အာရှ အံ့ချီးဖွယ်ရာ”ကို ဖန်တီးခဲ့သည်။ နှစ်ပေါင်း တစ်ရာတွင် မကြုံစဖူး ကြီးမားသော ပြောင်းလဲမှု အခြေအနေမျိုးတွင် အခွင့်အလမ်းများနှင့် စိန်ခေါ်မှု များကို ရင်ဆိုင်ပြီး အာရှနှင့် ပစိဖိတ် ဖွံ့ဖြိုးတိုးတက်မှု၏ နောက်တစ်ခု “နှစ် ၃၀တာ ရွှေကာလ”ကို မည်သို့ ဖန်တီးမည်နည်းနှင့် ပတ်သက်၍ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း တွင် အဖြေကို ရှာဖွေသေးသင့်သည်။

အေပက်အဖွဲ့ ၃၁ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်း အဝေးတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတ ရှီကျင့်ဖိန်က အဆိုပြုချက် ၃ ရပ်ကို တင်ပြခဲ့ ပါသည်။ ပထမအချက်မှာ တံခါးဖွင့်ပြီး ပေါင်းစပ်သော အာရှ-ပစိဖိတ် ပူးပေါင်း ဆောင်ရွက် ရေး အခင်းအကျင်းကို တည်ဆောက်ခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ အစိမ်းရောင် ဆန်းသစ်သော အာရှ-ပစိဖိတ် တိုးတက်ရေး တွန်းအားကို ပျိုးထောင်ခြင်း ဖြစ်ပါသည်။ တတိယ အချက်မှာ အားလုံးပါဝင်နိုင်ပြီး အကျိုးခံစားနိုင်သော အာရှ-ပစိဖိတ်ဖွံ့ဖြိုး တိုးတက်ရေး သဘော တရား ကို ထောက်ခံအားပေးခြင်း ဖြစ်ပါသည်။ ယင်းများသည် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကြံဆချက်သစ်ကို ထင်ဟပ်ပြီး စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာနှင့် လိုက်လျောညီထွေဖြစ်စေကာ အာရှနှင့် ပစိဖိတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်မှု တိုးမြှင့်ရေးနှင့် အာရှနှင့် ပစိဖိတ် ဖွံ့ဖြိုးတိုးတက်မှု ခေတ်ကာလသစ် ဖွင့်လှစ်ရန် ဦးတည်ချက်ကို ညွှန်ပြပေးခဲ့သည်။
     ပစိဖိတ် သမုဒ္ဒရာကို စည်ပင်သာယာစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပွင့်စေပြီး အာရှနှင့် ပစိဖိတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် နောက်တစ်ခု “နှစ် ၃၀တာ ရွှေကာလ”ကို ဖန်တီးရန် အေပက် အဖွဲ့ဝင်များသည် ဆက်လက် အားထုတ်ကြိုးပမ်းမည်ဟု မျှော်လင့်နိုင်သည်။