ရှီကျင့်ဖိန်သည် သြစတြေးလျ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00)2024-11-18 23:02:17  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ရီယိုဒီဂျနေးရိုးတွင် ကျင်းပသည့် G20 ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်စဉ် အတွင်း သြစတြေးလျဝန်ကြီးချုပ် Albanese နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် သြစတြေးလျအကြား အရင်းခံ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ မရှိကြောင်း၊ နှစ်ဖက်တို့က အပြန်အလှန် လေးစားပြီး တန်းတူရည်တူ ဆက်ဆံကာ ကွဲပြားမှုများကိုချန်ထားပြီး တူညီမှုများကို ရှာကြံပါက  တရုတ်-သြစတြေးလျ ဆက်ဆံရေး ကောင်းမွန်စွာ တိုးတက်မှာ သေချာကြောင်း ပြောကြားခဲ့ပါသည်။

Albanese က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ရေရှည်တည်ငြိမ်ရေးနှင့် တိုးတက်မှုအတွက် အရေးပါသော အကျိုးပြုမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ APEC ကဲ့သို့သော နိုင်ငံစုံ စနစ်များတွင် တရုတ်နိုင်ငံက အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ခြင်းအပေါ် သြစတြေးလျက ချီးကျူးပါကြောင်း ပြောကြားခဲ့ပါသည်။