၁၅ ကြိမ်မြောက် တရုတ် လေကြောင်းပြပွဲ ကျင်းပပြီးစီးပြီး တန်ဖိုး ယွမ် ၂၈၀ ဘီလီယံကျော်ရှိ စာချုပ်များ ချုပ်ဆို

(GMT+08:00)2024-11-18 13:06:28  

၁၅ ကြိမ်မြောက် တရုတ် အပြည်ပြည်ဆိုင်ရာ လေကြောင်းနှင့် အာကာသ ကုန်စည်ပြပွဲကို ၁၇ ရက်နေ့တွင် ကွမ်တုန်းပြည်နယ် ဇူဟိုင်းမြို့၌ ကျင်းပပြီးစီးခဲ့ပြီး ယခုအကြိမ် ပြပွဲတွင် စုစုပေါင်း တန်ဖိုး ယွမ်ငွေ ၂၈၅.၆ ဘီလီယံ ရှိသော ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များကို ချုပ်ဆိုကာ အမျိုးမျိုးသော လေယာဉ် ၁၁၉၅ စင်း အရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၆ ရက်ကြာ ကျင်းပခဲ့သော ပြပွဲတွင် နိုင်ငံနှင့်ဒေသ ၄၇ ခုမှ ကုမ္ပဏီပေါင်း ၁၀၂၂ ခု ပါဝင်ပြီး လေယာဉ် ၂၆၁ စင်းနှင့် မြေပြင် စက်ပစ္စည်း ၂၄၈ မျိုးတို့ကို ပြသကာ အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လက်မှတ်ရေးထိုးပွဲ ၂၄၇ ကြိမ် ပြုလုပ်ခဲ့ရာ ဧည့်သည် ၅၉၀၀၀၀ ခန့်အား ဆွဲဆောင်နိုင်ခဲ့ကြောင်း စာရင်းအရ သိရပါသည်။