တိုင်ဖုန်းမုန်တိုင်း ၃ကြိမ်ခံခဲ့ရသောကြောင့် ဖိလစ်ပိုင်၌ ဘေးသင့်သူဦးရေ ၁သန်းကျော်ရှိပြီ

(GMT+08:00)2024-11-18 14:12:33  

ယခုတလော ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်း Toraji၊ Usagi နှင့် MAN-YI တို့ တိုက်ခတ်မှုများ ဆက်တိုက်ခံခဲ့ရသောကြောင့် နိုဝင်ဘာလ ၁၈ရက်နေ့ ၈နာရီအထိ ဘေးသင့်သူဦးရေ ၁သန်း၁သိန်းကျော်ရှိပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် သေဆုံးသူစာရင်း မရှိသေးကြောင်း ဖိလစ်ပိုင်နိုင်ငံတော် ဘေးဒဏ်ကယ်ဆယ်ရေးကော်မတီမှ ထုတ်ပြန်သော စာရင်းအရ သိရပါသည်။