တရုတ်-ရုရှားအရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ဆောက်ပြီးစီး

(GMT+08:00)2024-11-18 14:07:13  

တရုတ်-ရုရှားအရှေ့လမ်းကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအုပ်စု ကုမ္ပဏီ လီမိတက် (China Pipe Network Group Co., Limited ) မှ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သော သတင်းအရ သိရှိရပါသည်။ တရုတ်-ရုရှားအရှေ့လမ်းကြောင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စုစုပေါင်းအရှည်မှာ ၅၁၁၁ ကီလိုမီတာ ရှိပါသည်။ အဆိုပါပိုက်လိုင်း စတင်လည်ပတ်ပြီးနောက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြည်နယ် ၃ ပြည်နယ်၊ ဘေကျင်း၊ ထျန်ကျင်း၊ ဟိုပေပြည်နယ်နှင့် ယန်စီမြစ်ဝကျွန်းပေါ်ဒေသများအတွက် နှစ်စဉ်နှစ်တိုင်း သဘာဝဓာတ်ငွေ့ ၃၈ဘီလီယံကုဗမီတာ တည်ငြိမ်စွာ ထောက်ပံ့ပေးနိုင်ပြီး မြို့ပြမိသားစု သန်း ၁၃၀ အတွက် တစ်နှစ်တာ သဘာဝဓာတ်ငွေ့ သုံးစွဲမှုကို ဖြည့်ဆည်းပေး နိုင်သည်ဟု သတင်းအရ သိရှိရပါသည်။