အေပက်သည် အာရှ-ပစိဖိတ်ဒေသတွင် အရေးကြီးသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ယန္တရား တစ်ခုဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးဆိုင်ရာ အလုံးစုံ အခြေအနေကို မူတည်ပြီး တရုတ်နိုင်ငံသည် ၂၀၂၆ခုနှစ် APEC ထိပ်သီးများအစည်းအဝေးကို အိမ်ရှင် အဖြစ် လက်ခံကျင်းပရန် လျှောက်ထားခဲ့ပြီး APEC အဖွဲ့ဝင်များ၏ ကြိုဆိုမှုနှင့် ယခု အကြိမ် APEC ထိပ်သီး အစည်းအဝေး၏ အတည်ပြုခြင်းကို ရရှိခဲ့ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယခုလ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုကို အမြဲအလေးထားကြောင်း၊ တရုတ် နိုင်ငံသည် ၂၀၂၆ အစည်းအဝေးကျင်းပရေး ကိစ္စနှင့် ပတ်သက်၍ ပါတီအားလုံးနှင့် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်း ဆောင် ရွက်မှုများကို အားကောင်းစေရန်၊ “Putrajaya Vision 2040” ကို လက်တွဲအကောင်အထည် ဖော် ဆောင် ရန်၊ အာရှ-ပစိဖိတ် အသိုက်အဝန်းနှင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည် ဆောက်ရေးကို တွန်းအားပေးရန်၊ နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင် ရွက် ရေး ရလဒ်များကို ဖန်တီးရန်နှင့် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားသစ် လောင်းပေးရန် ဆန္ဒရှိကြောင်း ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ ပါသည်။