ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ၃၁ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးတွင် အရေးကြီး မိန့်ခွန်း ပြောကြား

(GMT+08:00)2024-11-17 04:16:44  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ၃၁ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ပီရူးနိုင်ငံ လီမာ အစည်းအဝေး စင်တာ၌ ကျင်းပခဲ့ သည်။ ၎င်းအစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် “ခေတ်ကာလ၏ တာဝန်ကို လက်တွဲ ထမ်းဆောင်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်း တိုးမြှင့်”ခေါင်းစဉ်ဖြင့် အ‌ရေးကြီး မိန့်ခွန်း ပြောကြားခဲ့သည်။