ဒေသစံတော်ချိန် ယခုလ ၁၆ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် သည် လီမာတွင် အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်ကလွန်ခဲ့သည့် ၄နှစ်အတွင်း ရရှိခဲ့သော အတွေ့အကြုံများနှင့် ဉာဏ်အလင်းများကို ပေါင်းရုံးသုံးသပ်သင့်ကြောင်း၊ အောက်ပါ အချက် များကို မှတ်မိရန် လိုအပ်ကြောင်း၊ ပထမ အချက်က မှန်ကန်သည့် မဟာဗျူဟာ မြောက် သိမြင်နားလည်မှု ရှိသင့်ကြောင်း၊ ဒုတိယ အချက်က အပြောနှင့်လုပ်ဆောင်ချက် ကိုက်ညီ သင့်ကြောင်း၊ တတိယ အချက်က တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံသင့်ကြောင်း၊ စတုတ္ထ အချက်က အနီရောင်မျဉ်းကြောင်းကို စိန်ခေါ်၍ မရကြောင်း၊ ပဉ္စမ အချက်က ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သင့်ကြောင်း၊ ဆဋ္ဌမ အချက်က ပြည်သူများ၏ မျှော်လင့် ချက်ကို ထောက်ထားသင့်ကြောင်း၊ သတ္တမ အချက်က နိုင်ငံကြီး၏ တာဝန်ယူတတ်ခြင်းကို ပြသသင့်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က လက်ရှိ ကမ္ဘာတွင် မတည်မငြိမ်ဖြစ်ပြီး ပဋိပက္ခများ မကြာခဏ ဖြစ်ပွား နေကာ လူသားတို့သည် မကြုံစဖူး ကြီးမားခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံကြီး ယှဉ်ပြိုင်မှုသည် ယနေ့ခေတ်၏ အခြေခံအရောင် မဖြစ်သင့်ဘဲ စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှသာ အခက်အခဲများကို လက်တွဲ ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် နိုင်ငံကြီး ၂နှစ်နိုင်ငံ ဖြစ်ကြသည့် အနေဖြင့် မတည်မငြိမ် ဖြစ် နေသော ကမ္ဘာအတွက် သေချာမှုနှင့် အပြုသဘော ဆောင်သော အင်အားများကို ဖော် ဆောင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး ဖြစ်သည့် နှစ်ဖက် ဆက်ဆံမှု ဖြစ်သော တရုတ်-အမေရိကန် ဆက်ဆံမှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံ ပြည်သူ များ နှင့် သက်ဆိုင်သည့်အပြင်၊ လူသားတို့၏ ရှေ့ရေးနှင့် ကံကြမ္မာနှင့်လည်း သက်ဆိုင်သည်ဟု မိမိ အမြဲတမ်းယူဆကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် နှစ်နိုင်ငံ ပြည်သူများ၏ ချမ်း သာသုခနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားကို မူတည်ပြီး အမြော်အမြင် ရှိသော ရွေးချယ်မှုကိုပြုလုပ်ကာ နိုင်ငံကြီး ၂နိုင်ငံ၏ မှန်ကန်သော ပေါင်းသင်းဆက်ဆံရေး နည်းလမ်းကို ဆက်လက် စူးစမ်းရှာဖွေ၍ နှစ်နိုင်ငံတို့၏ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အကောင်အထည် ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြော ကြား ခဲ့သည်။
ထို့အပြင်၊ ရှီကျင့်ဖိန်က မကြာခင်က အမေရိကန်သည် သမ္မတ ရွေးကောက်ပွဲကို ကျင်းပ ခဲ့ကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံမှု စဉ်ဆက်မပြတ် တည်ငြိမ် ရှင်သန်စွာ ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ဆောင်ရန် တရုတ် နိုင်ငံ၏ ရည်မှန်းချက် ပြောင်း လဲ ခြင်း မရှိကြောင်း၊ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေးဖြင့် တရုတ်-အမေရိကန် ဆက်ဆံ ရေးကို ကိုင်တွယ်ဖြေရှင်းသည့် အခြေခံမူ ပြောင်းလဲခြင်း မရှိကြောင်း၊ မိမိနိုင်ငံ၏ အချုပ် အခြာ အာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားကို ခိုင်မာပြတ်သားစွာ ထိန်းသိမ်း ကာကွယ်သည့် ရပ်တည်ချက် ပြောင်းလဲခြင်း မရှိကြောင်း၊ တရုတ်-အမေရိကန် ပြည်သူ များ၏ ချစ်ကြည်ရေး အစဉ်အလာကို လက်ဆင့်ကမ်းသည့် လိုအင်ဆန္ဒ ပြောင်းလဲခြင်း မရှိကြောင်း၊ တရုတ် နိုင်ငံသည် အမေရိကန် အစိုးရနှင့် ဆွေးနွေးမှုကို ဆက်လက် ထိန်း သိမ်းထားပြီး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ သဘောကွဲလွဲမှုများကို စီမံ ထိန်းချုပ်၍ တရုတ်-အမေရိကန် ဆက်ဆံမှုတည်ငြိမ်စွာ ကူးပြောင်းနိုင်အောင် အကောင်အထည် ဖော် ဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးပြုရန် အားထုတ်ကြိုးပမ်း လိုကြောင်း လည်း ပြောကြားခဲ့သည်။
ဘိုင်ဒန်က အမေရိကန်-တရုတ် ဆက်ဆံမှုသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး နှစ်ဖက် ဆက်ဆံမှု ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများနှင့် သက်ဆိုင်ရုံ သာမက ကမ္ဘာ၏ အနာဂတ် နှင့်လည်း သက်ဆိုင်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ဆက်လက် လိုက်နာကျင့်သုံးမည် ဖြစ်ကြောင်း၊ အမေရိကန်သည် ကူးပြောင်းသည့် အချိန် ကာလတွင် တရုတ် နိုင်ငံနှင့် ကူးလူးဆက်ဆံမှုနှင့် ဆွေးနွေးမှုများကို အားဖြည့်ဆောင်ရွက်ပြီး အပြန်အလှန် သိမြင်နားလည်မှုကို တိုးပွားစေကာ သဘောကွဲလွဲမှုများကို တာဝန်သိမှုဖြင့် စီမံထိန်းချုပ်လိုကြောင်း ပြောကြားခဲ့သည်။