“တရားမျှတသောကမ္ဘာနှင့် ရေရှည်တည်တံ့သောကမ္ဘာတစ်ခုတည်ဆောက်ခြင်း” ဟာ ၂၀၂၄ ခုနှစ် G20 ထိပ်သီးအစည်းအဝေးရဲ့ခေါင်းစဥ်ဖြစ်ပြီး ဂယက်ထပြောင်းလဲနေသော နိုင်ငံတကာအခြေအနေနဲ့ ရှုပ်ထွေးပြင်းထန်သော စီမံအုပ်ချုပ်ရေးပြဿနာများကို ရင်ဆိုင် ဖြေရှင်းရန် ကြိုးစားနေပါတယ်။ CGTN ရုပ်သံသတင်းဌာနမှ တစ်ကမ္ဘာလုံးက အင်တာနက် သုံးစွဲသူများထံ မေးမြန်းခဲ့သော စစ်တမ်းအဖြေရလဒ်အရ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့စီးပွားရေး တိုးတက်မှု တိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စီမံအုပ်ချုပ်မှုကဏ္ဍများမှာ အပြုသဘော ဆောင် လုပ်ဆောင်ချက်များအပေါ် ဖြေဆိုသူများဟာ အပြုသဘောဆောင်သော မှတ်ချက် များ ပေးခဲ့ကြပါတယ်။
စီးပွားရေးဖွံ့ဖြိုးမှုအားနည်းခြင်း၊ စားနပ်ရိက္ခာနဲ့စွမ်းအင်များ အန္တရာယ်ထပ်ပွားလာ ခြင်း၊ ပထဝီဝင်နိုင်ငံရေးပဋိပက္ခများ မကြာခဏ ဖြစ်ပွားခြင်း၊ ကမ္ဘာ့ စီမံအုပ်ချုပ်ရေးစနစ် ဆိုင်ရာ ပြဿနာများ စဉ်ဆက်မပြတ် တိုးပွားလာခြင်း စသဖြင့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ အဆက်ဆက် ပေါ်ထွက်နေတာကြောင့် G20 အဖွဲ့ဝင်နိုင်ငံများမှ “စီမံအုပ်ချုပ်ရေးဆိုင်ရာ ဆေးညွှန်း” ထုတ်ပေး လာရန် အထူးလိုအပ်နေပါတယ်။ စစ်တမ်းကောက်ယူမှုအရ ဖြေဆိုသူ ၈၀.၉% က G20 အဖွဲ့ ဟာ ဘက်စုံပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်း များ မျှဝေပေးသော ပလက်ဖောင်းတစ်ခုဖြစ်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မသေချာမရေရာမှုများနဲ့စိန်ခေါ်မှုများကို အဖွဲ့ဝင်နိုင်ငံအားလုံး အတူလက်တွဲရင်ဆိုင် ဖြေရှင်း သင့်တယ်လို့ ပြောကြပါတယ်။ စိန်ခေါ်မှုကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံများမှာ “ကမ္ဘာ့ တောင်ဘက်ခြမ်း” မှ နိုင်ငံအများအပြားဖြစ်ပါတယ်။ ယင်းနဲ့ပတ်သက်ပြီး ဖြေဆိုသူ ၆၇.၁% ကတော့ G20 ထိပ်သီးအစည်းအဝေးမှာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက် ရေး တောင်းဆိုချက်များကို ဂရုပြုနိုင်ပြီး နိုင်ငံတကာရေးရာများတွင် “ကမ္ဘာ့တောင်ဘက် ခြမ်း” နိုင်ငံများရဲ့အခန်းကဏ္ဍပါဝင်မှုနဲ့ ဩဇာသက်ရောက်မှုကို ထိရောက်စွာမြှင့်တင်ပေးနိုင်ရန် မျှော်လင့်ထားကြပါ တယ်။ အခြားဖြေဆိုသူ ၇၃.၄ % ကလည်း G20 အဖွဲ့ဝင်နိုင်ငံများက “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံအများစု ဂရုစိုက်ထားသော ရာသီဥတုဆိုင်ရာ စီမံခန့်ခွဲရေးပြဿနာများမှာလည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွ တွန်းအားပေးပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့အစိမ်းရောင်အသွင်ကူးပြောင်းရေး အကောင်အထည်ဖော်လာနိုင်အောင် တွန်းအားပေးသွားနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
ယင်းစစ်တမ်းထဲတွင် ဖြေဆိုသူ ၉၂.၈ % အထိက တရုတ်နိုင်ငံဟာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများရဲ့ကမ္ဘာ့ စီမံအုပ်ချုပ်ရေးစနစ်ထဲက ကိုယ်စားပြုမှုနဲ့ ပြောရေးဆိုခွင့်ရှိမှု တိုးမြှင့်ရေး အတွက် ကြီးမားသော စွမ်းဆောင်မှုများ ပြုခဲ့တယ်လို့ ယူဆကြပါတယ်။ ဖြေဆိုသူ ၉၁.၄ % ကတော့ တရုတ်နိုင်ငံဟာ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများရဲ့ဖွံ့ဖြိုး တိုးတက်ရေးနဲ့ အတူတကွ စည်ပင်တိုးတက်ရေးကို တွန်းအားပေးသော မဏ္ဍိုင်စွမ်းအားပဲ ဖြစ်တယ်လို့ ထင်မြင်ယူဆကြပါတယ်။