ချန်‌ခေးမှ ရှန်ဟိုင်းအထိ တရုတ်နှင့် ပီရူးတို့၏ ဘုံတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာခြင်းတို့၏ လမ်းကြောင်းအသစ်

(GMT+08:00)2024-11-17 08:37:41  

ပီရူးနိုင်ငံမြို့တော် လီမာမှ ၈၀ ကီလိုမီတာသာ ဝေးကွာပြီး တရုတ်မှ ကီလိုမီတာ ၁၇ ၀၀၀ အကွာတွင်ရှိသော ချန်ခေးဆိပ် ကမ်းသည် အပြည့်အစုံပြီးစီးပါက လက်တင်အမေရိက၏ အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ချန်ခေးဆိပ် ကမ်းသို့ ပထမဆုံး ကုန်တင်သင်္ဘောဆိုက်ကပ်ခဲ့ပြီး ကုန်တင်ကုန်ချ စမ်းသပ်မှုများကို ပြုလုပ်ခဲ့သည်။ ထိုအခိုက်အ တန့်သည် တရုတ်နှင့် တောင်အမေရိကတို့အကြား ပစိဖိတ်ဖြတ်ကျော် လမ်းကြောင်းအ တွက် အရေးပါသောအခိုက်အ တန့် ဖြစ်ခဲ့သည်။

ပီရူးနိုင်ငံ၏ အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဓရာရှိပြီး ကမ်းရိုးတန်းမှာ ကီလိုမီတာ ၂ ၀၀၀ ကျော် ရှည်လျားသည်။ နိုင်ငံအတွင်း ဆိပ်ကမ်းပေါင်း ၃၀ ကျော်ရှိပြီး အဓိက ပင်လယ်ရေကြောင်းများမှ တောင်အမေရိကမှ မြောက်အမေရိကနှင့် ဥရောပတို့ကို ဆက်သွယ်နေခြင်းဖြစ်သည်။ ယခင်က ပီရူးနှင့် တရုတ်တို့အကြား တိုက်ရိုက်ရေကြောင်းမရှိသော ကြောင့် နိုင်ငံတကာကို ဖြတ် သန်း သွားလာရသော ခရီး သည် ရက်ပေါင်း ၅၀ ခန့် ကြာ မြင့်ခဲ့ပြီး နှစ်နိုင်ငံအကြား ကုန် သွယ်ရေးကို သက်ရောက်ခဲ့သည်။

Belt and Road အစီအစဉ်၏ အကျိုးသက်ရောက်မှုကို ချန်ခေးဆိပ်ကမ်းတည်ဆောက်ခြင်း ဖြင့် ဖော်ပြနိုင်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ ပီရူးသံအမတ်ကြီးက ဆိုသည်။ ချန်ခေးဆိပ် ကမ်း၏ တစ်နှစ်တာ ကိုင်တွယ်နိုင်စွမ်းမှာ ပုံမှန်ကွန်တင်နာပေါင်း ၁ သန်း၊ ကုန်ပစ္စည်း တန် ၆ သန်းနှင့် အတင်အချပြုလုပ်မည့်ယာဉ်ပေါင်း ၁၆၀ ၀၀၀ စင်း ဖြစ်သည်။ ထိုကြီးမားသည့် ပမာဏကို အကောင်အ ထည်ဖော်ရန်မှာ ဉာဏ်ရည်မြင့်နည်းပညာကို မှီခိုရန်လိုအပ်သည်။

ချန်ခေးဆိပ်ကမ်းစီမံကိန်းသည် ဉာဏ်ရည်မြင့်ဆိပ်ကမ်းများကို တွန်းအားပေးနေခြင်းသာမက သဘာဝပတ်ဝန်းကျင်အ ထောက်အကူပြုဆိပ်ကမ်းများ မျှော်မှန်းချက်ကိုလည်း စတင်တည်ဆောက်ကတည်းက ဆုပ်ကိုင်ထားခြင်းဖြစ်သည်။

ဒေသခံ ဇီဝနည်းပညာကျွမ်း ကျင်သူများနှင့် ပြင်ပမှ သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများကို ငှားရမ်းပြီး ချန်ခေးပတ်ဝန်းကျင်ရှိ သမုဒ္ဓရာနှင့် ရေလမ်းကြောင်းရှိ ဇီဝမျိုးနွယ်များကို ကာကွယ်စောင့်ကြည့်လျက်ရှိသည်။ ထိုမှတဆင့် လူသားနှင့်သဘာဝအ ကြား ဟန်ချက်ညီစွာ အတူယှဉ်တွဲနေထိုင်ရေးကို တွန်းအားပေးလျက်ရှိပြီး စီမံကိန်းနှင့် ရပ်ရွာလူထုအကြားလည်း ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည်။

ချန်ခေးဆိပ်ကမ်းဆောက်လုပ်ရာတွင် တရုတ်ရထားလမ်းဆောက်လုပ်ရေး ကော်ပိုရေး ရှင်းနှင့် တရုတ် လမ်းပန်း ဆက်သွယ်ရေး ဆောက်လုပ်ရေးကော် ပိုရေးရှင်း အစရှိသည့် တရုတ်ကုမ္ပဏီများစွာ ပါဝင်လျက်ရှိပြီး ပီရူးဆောက်လုပ်ရေးအဖွဲ့များမှလည်း ရာချီသည့် အင်ဂျင်နီယာများနှင့် နည်းပညာရှင်များ ပါဝင်လျက်ရှိသည်။ ချန်ခေးဆိပ်ကမ်းဆောက်လုပ်ရေးက ဒေသခံများအတွက် အလုပ်အကိုင်အ ခွင့်အလမ်းများ ပေးခဲ့သည်။

ချန်ခေးစီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့် ပီရူး ကုမ္ပဏီများမှ အတူ ရင်းနှီးမြှုပ်နှံ ဆောက် လုပ်ခြင်းဖြစ်သည်။ Belt and Road စီမံကိန်း‌အောက်မှ ပူးတွဲဆောက်လုပ်ရေးတစ်ခုလည်း ဖြစ်သည်။ စီမံကိန်းပြီးစီးသွားပါက တရုတ်နှင့် လက်တင်အမေရိကတို့အကြားကုန်းလမ်း- ရေကြောင်း ဆက်သွယ်ရေး လမ်းကြောင်းအသစ် ဖြစ်လာမည်ဖြစ်ပြီး ချန်ခေးမှ ရှန်ဟိုင်းသို့ ဆက်သွယ်ခြင်းသည် နှစ်နိုင်ငံ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်သည့် ကြွယ်ဝမှုလမ်းကြောင်းအသစ် ဖြစ်လာမည် ဖြစ်သည်။