ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ရက်နေ့က China Media Groupသည် ပီရူး Larco ပြတိုက်အား လှူဒါန်းပေးခဲ့သည့် တရုတ်ဘာသာစကားလမ်းညွှန်ရေးစနစ် စတင်လည်ပတ် ခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဌာနမှူး Shen Haixiong၊ ပီရူးLarco ပြတိုက် ဒါရိုက်တာ Andres နှင့် အမှုဆောင်ဒါရိုက်တာ Ullaတို့သည် လမ်းညွှန်ရေးစနစ် စတင် အသုံးပြုမှုကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။
Shen Haixiongက ယခုအကြိမ် CMGနှင့် ပီရူး Larco ပြတိုက်တို့ ပူးပေါင်းပြီး တရုတ်ဘာသာစကား လမ်းညွှန်ရေးစနစ် စတင်အသုံးပြုခြင်းသည် တရုတ်-ပီရူး ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးနှင့်သင်ယူရေးကို တစ်ဆင့်တိုးနက်ရှိုင်းစေပြီး တရုတ် ခရီးသည် များအတွက် ပီရူးနိုင်ငံသမိုင်း ယဉ်ကျေးမှု နှင့် အင်ကာ ယဉ်ကျေးမှု၏ မှော်ဆန်မှုကို ပိုမို သိရှိနားလည်စေမည် ဖြစ်ကြောင်း အမှာစကားတွင် ပြောကြားခဲ့ပါသည်။