ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် China Media Group နှင့် ပီရူး El Comercio Group တို့သည် လီမာမြို့ တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ကြသည်။ နှစ်ဖက်တို့သည် အချက်အလက် ဖလှယ်မှု၊ နည်းပညာဆန်းသစ် တီထွင်မှု၊ ဝန်ထမ်းများဖလှယ်မှုနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတို့နှင့်ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌရှင့်ဟိုင်ရှုန်၊ ပီရူး El Comercio Group အမေရိက ရုပ်မြင်သံကြားဌာန ဥက္ကဋ္ဌ မာကျီ မီရို ခွယ်ဆာဒါနှင့် El Comercio Group ဥက္ကဋ္ဌ အလွန်စို မီရို ခွယ်ဆာဒါတို့က သက်သေခံလက်မှတ်ထိုးခဲ့ကြသည်။
ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာအရ China Media Group နှင့် ပီရူး El Comercio Group တို့သည် ပရိုဂရမ်ဖလှယ်ရေး ၊ ပူးတွဲထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးတို့ တွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ မီဒီယာနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် သုတေသန ဖော်ထုတ်မှုကို အားကောင်းစေခြင်း၊ ဝန်ထမ်းများဖလှယ်ခြင်းနှင့် လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခြင်း၊ မီဒီယာဈေးကွက်ကို ပူးတွဲချဲ့ထွင်ရန် ၎င်းတို့၏ သက်ဆိုင်ရာ အားသာချက်များကို အပြည့်အဝ ဖော်ထုတ်မည်ဟု သိရပါသည်။