“သာမန်မဟုတ်သောမိတ်ဖက်” ယင်းသည် ရှေ့တစ်ကြိမ်က သမ္မတလူလာက China Media Group (CMG) သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ တရုတ်-ဘရာဇီး ဆက်ဆံရေးအပေါ် သတ်မှတ်ချက်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံက စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုသည် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ကူးပြောင်းမှုနင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပြောဆိုခွင့်ကိုမြှင့်တင်ရာတွင် စိတ်တူကိုယ်တူ အတူလျှောက်လှမ်းသူများပင်ဖြစ်လာခဲ့သည်။
ဘရာဇီးနိုင်ငံသည် မြေနေရာကျယ်ပြောသည်။ ရေအားလျှပ်စစ်အရင်းအမြစ်များသည် မြောက်ပိုင်းတွင်စုစည်းနေပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကမူ အရှေ့တောင်ဘက်ခြမ်း မြို့ပြကြီးများတွင် စုစည်းစွာတည်ရှိနေသည်။ သမ္မတလူလာ ပြောသည့်အတိုင်းပင် တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံက ဖော်ဆောင်နေသည့် စွမ်းအင်အသွင်ကူးပြောင်းမှုတွင် တက်ကြွစွာပါဝင်နေပြီး တရုတ်နည်းလမ်းဖြစ်သည့် “မြောက်ဘက်ခြမ်းမှ ထုတ်လုပ်သည့်လျှပ်စစ်များကို တောင်ဘက်ခြမ်းသို့ပို့လွှတ်ခြင်း” ကို ထောက်ပံ့ပေးလိုက်သည်။ ယနေ့တွင် ဘရားဇီးနိုင်ငံဟူသည့် ကျယ်ပြောသော မြေနေရာပေါ်တွင် မြင့်မားသည့်တာဝါတိုင်များက လျှပ်စစ်ဓာတ်အား ပေးပို့ပေးရေးလိုင်းများကို ချိတ်ဆက်ထားပြီး အမေဇုန်မိုးသစ်တောမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို ကီလိုမီတာ ၂၀၀၀ ကျော်အကွာက လူဦးရေနှင့် စက်မှုလုပ်ငန်းများ စုစည်းတည်ရှိရာဒေသသို့ ပို့လွှတ်ပေးလျက်ရှိသည်။ ယင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး အထူးဗို့အားမြင့် “နိုင်ငံခြားသို့လျှောက်လှမ်းခြင်း” စီမံကိန်းဖြစ်သည့် ဘရာဇီး Belo Monte အထူးဗို့အားမြင့် လျှပ်စစ်ဓာတ်အား DC ပို့လွှတ်ရေးစီမံကိန်းဖြစ်သည်။
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆီအာရာပြည်နယ် Russas မြို့တွင် နောက်ထပ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကိုလည်း ခမ်းနားစွာဖော်ဆောင်လျက်ရှိပါသည်။ ၎င်းသည် Lagoinha နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းဖြစ်သည်။ ယင်းသည် CGN ဘရာဇီးကုမ္ပဏီ၏ ပထမဆုံး အစိမ်းရောင် နေရောင်ခြည်စွမ်းအင် စီမံကိန်းဖြစ်သည်။ တည်ဆောက်သည့်ကာလအတွင်း စီမံကိန်းသည် ဒေသတွင်းအတွက် တိုက်ရိုက်နှင့်သွယ်ဝိုက်သော အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၀၀ ကျော် ဖန်တီးပေးမည်ဖြစ်သည်။ စတင်လည်ပတ်ပြီးနောက် ခန့်မှန်းခြေ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ယူနစ် သန်း ၄၀၀ ခန့် ထုတ်လုပ်နိုင်ပြီး ဘရာဇီးမိသားစုပေါင်း ၂ သိန်း ၄ သောင်းကျော်ကို ထွန်းလင်းစေမည်ဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းသည့် အကျိုးရလဒ်မှာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုပမာဏ တန်ချိန် ၃ သိန်းခန့် လျှော့ချခြင်းနှင့် တူညီသည်။
အလင်းရောင်နှင့် လျှပ်စစ်ပူးပေါင်းဆောင်ရွက်မှုသည် တောတောင်ရေမြေများကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံပြည်သူများအကြား အပြန်အလှန် နားလည်မှုကို နက်ရှိုင်းတိုးတက်လာစေပါသည်။ ထိုကဲ့သို့သော ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုသည်လည်း ပြည်သူများ ချစ်ခင်ရင်းနှီးမှုနှင့် စိတ်နှလုံးချင်း ဆက်နွယ်မှုကို တစ်ဆင့်တိုး တိုးမြှင့်ပေးပါသည်။