ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အေပက်အဖွဲ့ ၃၁ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ပီရူးနိုင်ငံ လီမာမြို့၌ ကျင်း ပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အစည်းအဝေးသို့ တက်ရောက်ပြီး ခေတ်၏ တာဝန်ဝတ္တရားကို အတူတကွထမ်းဆောင်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ဖွံ့ဖြိုး တိုးတက်ရေးကို လက်တွဲ တိုးမြှင့်ခြင်းဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ ပါသည်။
သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားရာတွင် အဆိုပြုချက် ၃ ရပ်ကို တင်ပြခဲ့ပါသည်။ ပထမအချက်မှာ တံခါးဖွင့်ပြီး ပေါင်းစပ်သော အာရှ-ပစိဖိတ်ပူးပေါင်းဆောင်ရွက်ရေး အခင်း အကျင်းကို တည်ဆောက်ခြင်း ဖြစ်ပါသည်။ ဒုတိယအချက်မှာ အစိမ်းရောင် ဆန်းသစ်သော အာရှ-ပစိဖိတ် တိုးတက်ရေး တွန်းအားကို ပြုစုပျိုးထောင်ခြင်း ဖြစ်ပါသည်။ တတိယ အချက်မှာ အားလုံးပါဝင်နိုင်ပြီး အကျိုးခံစားနိုင်သော အာရှ-ပစိဖိတ်ဖွံ့ဖြိုးတိုးတက်ရေး သဘော တရား ကို ထောက်ခံအားပေးခြင်း ဖြစ်ပါသည်။
သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော အခွင့်အလမ်းများကို ထောက်ပံ့ ပေးနိုင်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့အား ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ပြီး အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ အတူတကွစည်ပင် သာယာ သော ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ခေတ်မီရေးကို အကောင်အထည်ဖော်ရန်အတွက် တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ကျည်ဆန်ရထားကို ဆက်လက်လိုက်ပါစီးနင်းရန် ကြိုဆိုကြောင်း အလေး ထားပြောကြားခဲ့ပါသည်။
အစည်းအဝေးကို ပီရူးနိုင်ငံသမ္မတ Dina Boluarte မှ ကြီးမှူးကျင်းပခြင်း ဖြစ်ပါသည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် အေပက်အဖွဲ့ထိပ်သီးခေါင်းဆောင်များ Machu Picchu ကြေညာစာတမ်း၊ အာရှ-ပစိဖိတ်လွတ်လပ်သောကုန်သွယ်ရေးဇုန် ဆွေးနွေးရန် အစီအစဉ် မျှော်မှန်းချက်သစ်ဆိုင်ရာ ကြေညာချက်နှင့် ပုံမှန်သော တစ်ကမ္ဘာလုံး စီးပွားရေး အသွင်ကူးပြောင်းမှု မြှင့်တင်ရန် လီမာလမ်းကြောင်းမြေပုံကို ထုတ်ပြန်ခဲ့ပါသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ညက သမ္မတ ရှီကျင့်ဖိန် သည် အေပက်အဖွဲ့ ထပ်သီး ခေါင်း ဆောင်များ အလွတ်သဘောအစည်းအဝေး၏ ကြိုဆိုရန် ညစာစားပွဲသို့ တက်ရောက်ခဲ့ ပါသည်။