တရုတ်-ပီရူး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကို ပီရူးနိုင်ငံ လီမာမြို့တွင် ကျင်းပ

(GMT+08:00)2024-11-17 11:47:19  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့က China Media Group နှင့် ပီရူးနိုင်ငံ သမ္မတရုံး မဟာဗျူဟာဖြန့်ချိရေးနှင့် သတင်းရေးရာ အတွင်းဝန်ရုံး၊ ပီရူးအသံနှင့် ရုပ်မြင် သံကြားအုပ်စုတို့ ပူးတွဲကြီးမှူးကျင်းပသော တရုတ်-ပီရူး လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ် ရေး လှုပ်ရှားမှုကို ပီရူးနိုင်ငံ လီမာမြို့တော်၌ ကျင်းပခဲ့ပါသည်။ ပီရူးနိုင်ငံသမ္မတ Dina Boluarte သည် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ် ရေး လှုပ်ရှားမှု၏ အောင်မြင်မှုများကို ဂုဏ်ပြုထောမနာပြုခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုသို့ ပီရူးယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး Fabricio Valencia နှင့် ပီရူးအသံနှင့် ရုပ်မြင်သံကြားအုပ်စု အမှုဆောင်ဥက္ကဋ္ဌ Ninoska Chandía အပါအဝင် ပီရူးနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာမှ ကိုယ်စားလှယ် ၂၀၀ နီးပါး တက်ရောက်ခဲ့ကြပါသည်။
    လှုပ်ရှားမှုတွင် China Media Group သည် “တရုတ်-ပီရူးရေစက်”၊ “ဘေကျင်းနှင့်လီမာ” Documentary ရုပ်ရှင် ကား နှစ်ကား၊ တရုတ်-ပီရူး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်း ဖြစ်သည့် “ပီရူးနိုင်ငံတွင် ခရီးသွားခြင်း”၊ China International Television Corporation FAST ပလက်ဖောင်းတွင် ပထမဆုံး စပိန်ဘာသာ အစီအစဉ် ချန်နယ် စတင်ထုတ်လွှင့်ခြင်းနှင့် Liangzhu-ယဉ်ကျေးမှု၏ အလှတရား ကမ္ဘာလှည့်ပြပွဲ ပီရူး အထူးပြပွဲ ပြီးဆုံးခြင်းအပါအဝင် တရုတ်-ပီရူး ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာ ခြင်းဆိုင်ရာ အောင်မြင်မှုများကို ထုတ်ပြန်ခဲ့ပါသည်။
    နိုဝင်ဘာလ ၁၅ ရက်နေ့က China Media Group ခေတ်သစ်နိုင်ငံတကာ သတင်း ဖြန့်ချိရေး သုတေသနဌာနနှင့် ပီရူးနိုင်ငံအဆင့်မြင့်သုတေသနစင်တာမှ ပူးပေါင်း ပြုလုပ် သည့် ပီရူးပြည်သူများမှ တရုတ်နိုင်ငံအပေါ် ကြိုက်နှစ်သက်မှုဆိုင်ရာ စစ်တမ်း ကောက်ယူမှု ရလဒ်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ စစ်တမ်းကောက်ယူမှုရလဒ်အရ ဖြေဆိုသူ ၉၁.၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံဟာ ဆွဲဆောင်မှုရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု ယူဆ ကြပါ သည်။ ဖြေဆိုသူ ၈၆.၃ရာခိုင်နှုန်းကတော့ တရုတ်နိုင်ငံသည် ပီရူးနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ ဖြစ်သည်ဟု ဖြေဆို ကြပါသည်။