“From the Great Wall to Machu Picchu”

(GMT+08:00)2024-11-16 15:12:39  

“From the Great Wall to Machu Picchu” ပွဲဦးထွက်ပြသမှုနှင့် Quechua ဘာသာစကား ဆိုရှယ်မီဒီယာစာမျက်နှာ မိတ်ဆက်ပွဲအခမ်းအနားကို ပီရူးနိုင်ငံ၏ မြို့တော် လီမာ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဌ နှင့် အယ်ဒီတာချုပ် Shen Haixiong နှင့် ပီရူးနိုင်ငံ Cusco ပြည်နယ် အုပ်ချုပ်ရေးမှူး ကာဗို တို့ တက်ရောက်ခဲ့ကြသည်။

       Shen Haixiong က  အမှာစကား ပြောကြားစဉ်၌ သမ္မတ Xi Jinping သည် “El Peruano” တွင် ဆောင်းပါးဖော်ပြခဲ့ပြီး တရုတ်-ပီရူး နှစ်နိုင်ငံအကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုသည် ရှေးဟောင်းယဉ်ကျေးမှု အသိဉာဏ်ပညာများမှ ဆင်းသက်လာကြောင်း၊ အပြန်အလှန်ထွန်းလင်းပေးသော သမိုင်းကြောင်းမှ လက်ဆင့်ကမ်းထားကြောင်း၊ အကျိုးတူဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် နက်ရှိုင်းလာကြောင်း၊ ယမန်နှစ်မှစ၍ “Journey Through Civilizations” ကမ္ဘာလှည့်ပြပွဲကို ပီရူးနိုင်ငံတွင်ကျင်းပခဲ့ခြင်း စသည်တို့ကို နှစ်နိုင်ငံပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်း၊ လတ်တလောကာလတွင် နှစ်နိုင်ငံ ရေဒီယိုနှင့်ရုပ်သံဌာနတို့က ပီရူးနိုင်ငံတွင် “From the Great Wall to Machu Picchu” ပွဲဦးထွက်ပြသပွဲကို ကျင်းပမည်ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံအကြောင်းကို ပီရူးမိတ်ဆွေများ ပိုမိုနက်ရှိုင်းစွာ နားလည်လာစေရန် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ထောက်ပြပြောဆိုခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

မှတ်တမ်းရုပ်ရှင် “From the Great Wall to Machu Picchu” ကို China Media Group CGTN နှင့် ပီရူးနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပီရူးအမျိုးသားရေဒီယိုနှင့်ရုပ်မြင်သံကြားလုပ်ငန်းအုပ်စု တို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။ မဟာတံတိုင်းနှင့် မာချူးပစ်ချူးကို တရုတ်နှင့်ပီရူး ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှု ဆိုင်ရာ အမှတ်လက္ခဏာနှင့် ချိတ်ဆက်မှုအဖြစ် အသွင်ပြောင်းပြီး သိသာပေါ်လွင်သော ကမ္ဘာလုံးဆိုင်ရာအမြင်ရှုထောင့်နှင့် သက်ဝင်လှုပ်ရှားသော ဇာတ်ကြောင်းတင်ဆက်မှုတို့ဖြင့် တရုတ်ယဉ်ကျေးမှုနှင့် ပီရူးယဉ်ကျေးမှု၏ “ကိုယ်စီလှပ၍ အလှတရားများကို အပြန်အလှန်သိမြင်ခံစားမှု” ကို ပြသကာ ရုပ်ရှင်ပုံရိပ်များဖြင့် ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှု ပေါင်းကူးတံတားကို သွယ်တန်းမည်ဖြစ်သည်။