ဒေသ စံတော်ချိန် ယခုလ ၁၄ရက်နေ့ ညက ပီရူး နိုင်ငံတွင် အလည်အပတ် ရောက်ရှိ နေသော တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ပီရူး နိုင်ငံ သမ္မတ Boluarte တို့သည် လီမာမြို့တော်ရှိ သမ္မတရုံးတွင် ဗီဒီယုံ အသွင်ပုံစံဖြင့် Chancayဆိပ်ကမ်း ဖွင့်လှစ်ခြင်း အခမ်း အနားတွင် ပါဝင်ခဲ့ကြသည်။ သမ္မတ ရှီကျင့်ဖိန်က လက်ရှိ Chancay ဆိပ်ကမ်းသည် “ခေတ်ကာလသစ်တွင် Incaရှေးဟောင်းလမ်းကြောင်း(Inca Trail)၏ စမှတ်သစ် ဖြစ်လာကြောင်း၊ တရုတ်နှင့် ပီရူးတို့ Belt and Road အတူ တည်ဆောက်ရေး၏ အထင်ကရ လုပ်ငန်းစဉ် ဖြစ်သည့် အနေဖြင့် Chancayဆိပ်ကမ်းသည် Inca ရှေးဟောင်း လမ်းကြောင်း (Inca Trail) အတွက် ရှင်သန်မှုသစ်ကို ဖော်ဆောင်ပေးနေ ကြောင်း ပြောကြားသည်။
Chancayဆိပ်ကမ်းသည် လီမာမြို့တော် မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်တွင် တည်ရှိပြီး ကောင်းမွန်သည့် ရေနက်ဆိပ်ကမ်း တစ်ခု ဖြစ်သည်။ ဆိပ်ကမ်း၏ ပထမအဆင့် လုပ်ငန်းစဉ်သည် ၂၀၂၁ခုနှစ်က စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စံနှုန်းမီ ကွန်တိန်နာ(TEU) ၁၈၀၀၀ တင်ဆောင်ထားသော စူပါကွန်တိန်နာ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ကာ အချိန် တိုအတွင်း နှစ်စဉ် TEU ၁သန်း၊ ရေရှည်ကာလတွင် နှစ်စဉ် TEU ၁သန်း၅သိန်းကို ကုန်တင် ကုန်ချနိုင်သည်။ Chancayဆိပ်ကမ်းသည် ပီရူး နိုင်ငံ အနေဖြင့် ကုန်းတွင်းပိုင်းနှင့် ပင်လယ် အကြား ချိတ်ဆက်မှု အခန်းကဏ္ဍ ဖြစ်ဖြစ်၊ အာရှနှင့် လက်တင် အမေရိက အကြား ချိတ်ဆက်မှု အခန်းကဏ္ဍ ဖြစ်ဖြစ် ပါဝင် ဆောင်ရွက်နိုင်သော Portalကျသည့် အဆင့်နေရာကို တည်တံ့ခိုင်မြဲ စေမည် ဖြစ်သည်။
ထို့အပြင်၊ သမ္မတ ရှီကျင့်ဖိန်၏ ပီရူး ခရီးစဉ် အတွင်း နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် တို့သည် နှစ်ဖက်တို့ Belt and Road အတူ တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်း၊ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ် အဆင့်မြှင့်တင်ရေး စာချုပ် စသည့် အရေးကြီး ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ လက်မှတ်ရေးထိုး ချုပ်ဆိုပွဲသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ နှစ်ဖက်တို့သည် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ပြီး ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေးနှင့် ပတ်သက်၍ စီမံကိန်းကို ချမှတ်ခဲ့ကြသည်။ သမ္မတ Boluarteက သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးကြီး မှတ်တိုင် ဖြစ်လာပြီး ပီရူး-တရုတ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ကာ ပီရူး-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးမည်မှာ မုချမလွဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ ယခုအကြိမ် ပီရူး ခရီးစဉ်တွင် ရရှိသော အောင်မြင်မှုများသည် တရုတ်-ပီရူး နှစ်နိုင်ငံ၏ ချစ်ကြည်ရေး အစဉ်အလာကို နက်ရှိုင်းစေပြီး အပြန်အလှန် အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာကို တိုးချဲ့ကာ နှစ်နိုင်ငံ ဆက်ဆံမှုအား ခေတ်သစ် အနှစ်သာရကို သွင်းပေး၍ တရုတ်-လက်တင် အမေရိက ပူးပေါင်းဆောင်ရွက်ရေးနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်း” ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု အတွက် တွန်းအားသစ်များကို ဖော်ဆောင်ပေးနေသည်။