ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သစ် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံမှ သော့ချက်ကျသော စွမ်းဆောင်မှုများ ပြုခဲ့

(GMT+08:00)2024-11-16 14:30:42  

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်စာချုပ် ၂၉ ကြိမ်မြောက်  အဖွဲ့ဝင်များ ညီလာခံကို အာ ဇာဘိုင်ဂျန်နိုင်ငံတွင် ကျင်းပလျက်ရှိပါသည်။ ကမ္ဘာ့စွမ်းအင်ဆိုင်ရာ အင်တာနက် တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ယခုလ ၁၅ ရက်နေ့က လှုပ်ရှားမှုများကို ကျင်းပပြီး၊ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအစီရင်ခံစာတွင် စွမ်းအင်သစ်သည် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက် ရေး အဆင့်ကာလသို့ဝင်ရောက်ပြီး၊ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနည်းပညာသည် တိုးတက်လာပြီး အဓိကစွမ်းအင် အရင်းအမြစ် ဖြစ် လာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်  စုစုပေါင်း တပ်ဆင်ထားမှု ပမာဏသည် ကီလိုဝပ် ၁.၂၅ ဘီလီယံ အထိရှိခဲ့ပြီး၊ ကမ္ဘာ့ စုစုပေါင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းဖြစ်ကာ၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သစ် အဆပေါင်းများစွာ ဖွံ့ဖြိုးမှုကို တွန်းအားပေးရန်အတွက် သော့ချက်ကျသော စွမ်းဆောင်မှုများပြုခဲ့သည်ဟု သတင်းအရသိရပါသည်။