တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် တွေ့ဆုံ

(GMT+08:00)2024-11-16 01:25:37  

    ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပီရူးနိုင်ငံ လီမာမြို့တော်တွင် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်စဉ် ထိုင်းနိုင်ငံဝန်ကြီးချုပ် Paetongtarn Shinawatra နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့်ထိုင်းနှစ်နိုင်ငံတို့သည် ခင်မင် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြပြီး တရုတ်-ထိုင်း မိသားစုတစ်စုကဲ့သို့ ခင်မင် ရင်းနှီးမှုသည် ကြာလေလေ ကောင်းလေလေ ဖြစ်လာကြောင်း၊ လာမည့် ၂၀၂၅ ခုနှစ်သည် တရုတ်နှင့်ထိုင်းနှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိမည့် အနှစ် ၅၀ ပြည့်မြောက်သည့် နှစ်နှင့် တရုတ်-ထိုင်းချစ်ကြည်ရေးရွှေရတု အနှစ် ၅၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ တရုတ်-ထိုင်းအစဉ်အလာချစ်ကြည်ရေးကို ပိုမို ထွန်းကားလာစေပြီး ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ကာ နယ်ပယ် အသီးသီးတွင် အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်၍ တရုတ်-ထိုင်း ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုကြီးမားသော တိုးတက်မှုများ ရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။
    ဝန်ကြီးချုပ် Paetongtarn Shinawatra က ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများကို သင်ယူလေ့လာရန်၊ ထိုင်း-တရုတ် မီးရထားလမ်း စသည့် “Belt and Road” အတူတကွတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက်တွန်းအားပေးရန်၊ နှစ်နိုင်ငံအကြားလူမှုယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှုများ ပိုမိုရင်းနှီးလာပြီး ချစ်ကြည်ရေး အစဉ်အလာ ကို ပိုမိုနက်ရှိုင်းလာစေ ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။