ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့တွင် ကျင်းပသည့် APEC ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို တက်ရောက်စဉ်အတွင်း စင်ကာပူဝန်ကြီးချုပ် Lawrence Wong နှင့် တွေ့ဆုံခဲ့သည်။
ရှီကျင့်ဖိန်က တရုတ်နှင့် စင်ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံများလည်း ဖြစ်ကြောင်း၊ ယမန်နှစ်ကလည်း တရုတ်-စင်ကာပူ ဆက်ဆံရေးကို ဘက်စုံ အရည်အသွေးမြင့်သော ရှေ့ကိုမျှော်မြင်သည့် မိတ်ဖက်ဆက်ဆံရေး အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး တရုတ်-စင်ကာပူ အနာဂတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးတည်ချက်တစ်ရပ်ကို သတ်မှတ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Lawrence Wong က စင်ကာပူနှင့် တရုတ်တို့ကြား အဆင့်မြင့် ကူးလူးဖလှယ်မှုများသည် နီးကပ် နွေးထွေးနေပြီး စီးပွားရေး ဆက်ဆံမှုသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ စင်ကာပူ-တရုတ် ဆက်ဆံရေးသည် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုအပေါ် အခြေခံပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းမှု ရရှိနိုင်ကြောင်း ပြောကြားခဲ့ ပါသည်။