ရှီကျင့်ဖိန်သည် တောင်ကိုရီးယားသမ္မတ Yoon Seok-yue နှင့် တွေ့ဆုံ

(GMT+08:00)2024-11-16 03:25:20  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့တွင်ကျင်းပသည့် APEC ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို တက်ရောက်စဉ်အတွင်း တောင်ကိုရီးယားသမ္မတ Yun Seok-yue နှင့် တွေ့ဆုံခဲ့ပါသည်။

ရှီကျင့်ဖိန်က အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် မူရင်းရည်ရွယ်ချက်ကို လိုက်နာပြီး အိမ်နီးချင်းကောင်းအဖြစ် ချစ်ကြည်ရင်းနှီးမှု ထိန်းသိမ်းရန် ရပ်တည်ချက်ကို စွဲကိုင်ကာ၊ အပြန်အလှန် အကျိုးရှိစေမည့် ပန်းတိုင်ကို ဦးတည်ပြီး တရုတ်-တောင်ကိုရီးယား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို  ကျန်းမာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသင့်ကြောင်း ပြောကြားပါသည်။

Yoon Seok-yue က တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်ဂျင်ဖြစ်ပြီး၊ ကမ္ဘာမှာ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရာတွင် အရေးပါသော အခန်း ဏ္ဍမှ ပါဝင်နေ ကြောင်း၊ တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံကို အရေးပါသော ပူးပေါင်းဆောင် ရွက်မှု မိတ်ဖက်အဖြစ် ထားရှိပြီး၊ အပြန်အလှန်လေးစားမှုဖြင့် တောင်ကိုရီးယား နှင့် တရုတ် နိုင်ငံ အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု  စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်း အား ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။