ဒေသစံတော်ချိန် နိုဝင်ဘာလ ၁၅ရက်နေ့က တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် လီမာမြို့၌ အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်ရာတွင် ဂျပန်ဝန်ကြီးချုပ် Ishiba Shigeruနှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ဂျပန်တို့သည် အိမ်နီးချင်း နိုင်ငံ ဖြစ်သလို အာရှနှင့် ကမ္ဘာပေါ်တွင် အရေးကြီးသည့် နိုင်ငံများလည်း ဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှုသည် နှစ်ဖက် ဆက်ဆံမှုကို ကျော်လွန်သော အရေးကြီး အနက် အဓိပ္ပါယ် ရှိကြောင်း၊ တရုတ် နိုင်ငံသည် ဂျပန်နှင့် အတူ တရုတ်-ဂျပန် နိုင်ငံရေး စာရွက်စာတမ်း ၄ရပ်တွင် သတ်မှတ်ထားသော အခြေခံမူ၊ ဦးတည်ချက်နှင့် အညီ တရုတ်နှင့် ဂျပန် အကြား “ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် အပြန်အလှန် ဖြစ်ခြင်း၊ ခြိမ်းခြောက်မှု အပြန်အလှန် မဖြစ်ခြင်း”ဟူသော အရေးကြီး သဘောတူညီချက်ကို ခိုင်မာပြတ်သားစွာ စောင့်စည်းလိုက်နာ ပြီး တရုတ်-ဂျပန် မဟာဗျူဟာမြောက် အပြန်အလှန် ဖြစ်ထွန်းရေး ဆက်ဆံမှုကို ဘက်စုံ တွန်းအားပေးရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
Ishiba Shigeruက ဂျပန်နှင့် တရုတ် နှစ်နိုင်ငံတို့သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး အပေါ် တာဝန်ရှိကြကြောင်း၊ ဂျပန်-တရုတ် မဟာဗျူဟာမြောက် အပြန်အလှန် ဖြစ်ထွန်းရေး ဆက်ဆံမှုကို ဘက်စုံ တွန်းအားပေးရန် နှစ်နိုင်ငံတို့ လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြခြင်းနှင့် အပြုသဘောဆောင်သော၊ တည်ငြိမ်သော ဂျပန်-တရုတ် ဆက်ဆံမှုကို တည်ဆောက်ခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာ အတွက် အရေးကြီးသည့် အနက် အဓိပ္ပါယ် ရှိကြောင်း ပြောကြားခဲ့သည်။